နှုတ်ခမ်းမဲလို့ စိတ်ညစ်နေတဲ့သူတွေနဲ့ နှုတ်ခမ်းမဲတာသက်သာချင်တဲ့သူတွေအတွက် နှုတ်ခမ်းမဲတာကို ဖြေးဖြေးချင်းစီသက်သာလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ မဲနေတာက ချက်ချင်းပျောက်သွားဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်တိုင်က သေချာ care ပေးမှသာ ဖြေးဖြေးချင်းစီသက်သာလာမှာပါ။

Lip Scrub လုပ်ပေးပါ

အိမ်မှာပဲ ပျားရည်နဲ့ သကြားကိုရောပြီး lip scrub လုပ်ပေးပါ။ ဒါမှမဟုတ်လည်း သကြားနဲ့ သံပယိုရည်ကိုရောမွှေပြီး lip scrub လုပ်ပေးပါ။ ဒီ ၂ မျိုးလုံးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားနူးညံ့စေတယ်။ နှုတ်ခမ်းမဲတာကို သက်သာစေပါတယ်။ lip scrub လုပ်ပြီးရင်တော့ lip balm (သို့) lip mask လေး ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။ ဒါကတော့ တစ်ပတ်ကို တစ်ခါ ပုံမှန်လုပ်ပေးရပါမယ်။

Almond oil lip massage လုပ်ပေးပါ

နှုတ်ခမ်းကို oil massage လုပ်ပေးတာက နှုတ်ခမ်းသားအစိုဓာတ်ပြည့်စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေသလို သွေးစီးဆင်းမှုလည်း ကောင်းမွန်စေတာကြောင့် နှုတ်ခမ်းမဲတာ သက်သာစေပါတယ်။ almond oil မရှိရင် အုန်းဆီနဲ့ လုပ်ပေးလည်း ရပါတယ်။ ဒါကျတော့ တစ်နေ့ကို ၂ ကြိမ်လောက် လုပ်ပေးပါ။ နှုတ်ခမ်းခြောက်တာမျိုးလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။

Hydrating

နှုတ်ခမ်းခြောက်ပြီး ကွဲလိုက်၊ အဖတ်တွေလန်လိုက်နဲ့ဖြစ်နေရင်လည်း နှုတ်ခမ်းမဲတာက ပိုဆိုးလာစေပါတယ်။ အဓိကက နှုတ်ခမ်းသား Hydrating ဖြစ်နေဖို့လိုပါတယ်။ ဒါကြောင့် lip balm ကို အမြဲတမ်း နေ့တိုင်းလိမ်းပေးပါ။ ရေများများသောက်ပေးပါ။

ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်ရင် နှုတ်ခမ်းမဲစေပါတယ်။ ဒါကြောင့် နှုတ်ခမ်းမဲတာသက်သာချင်ရင်၊ နှုတ်ခမ်းမမဲချင်ရင် ဆေးလိပ်ကိုလုံးဝမသောက်ပဲ ရှောင်ရပါတယ်။

source:www.medicalnewstoday.com