ဘယ်အရာပဲ လုပ်လုပ် အချိန်အကန့်အသတ်နဲ့ လုပ်တာက သင့်ရဲ့ ပျင်းတဲ့စိတ်ကို လျော့နည်းစေပါတယ်။ ဝိတ်ချတဲ့ Journey က စဉ်းစားမယ်ဆိုရင် ခရီးရှည်ကြီး ပါပဲ။ ဒါပေမဲ့ တစ်လအတွင်း၊ တစ်ပတ်အတွင်း ဆိုတဲ့ စကားလုံးတွေက ဝိတ်ချနေတဲ့ သင့်ကို အားတက်စေပါတယ်။ အခုဖော်ပြမယ့် လေ့ကျင့်ခန်းတွေကတော့ ၂ ပတ်အတွင်း သိသိသာသာ ဗိုက်အဆီကျပြီး ချပ်ရပ်စေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။
၁။ Russian Twist
Photo Source: Giphy
- ခြေထောက်ကို ကွေးလျက် အပေါ် ပင့်မ ထားပေးရပါမယ်။
- ပြီးနောက် လက်နှစ်ဖက်ကို ရှေ့ဘက် စုကိုင်ကာ ဘယ်ညာ လှည့်ပေးရပါမယ်။
- ဒါကို စက္ကန့် ၄၀ လုပ်ရပါမယ်။
၂။ V Sit Extension
Photo Source: Pinterest
- လက်ကို နောက်ဘက် မှာ ထောက်ထားရပါမယ်။
- ဒူးကို ကွေးလျက် နေရာယူရပါမယ်။
- ပြီးနောက် ခန္ဓာကိုယ်နဲ့ ဒူးနဲ့ ဝေးအောင် ဆန့်ကျင်ဘက် ဆန့်ပေးရပါမယ်။
- ပြီးနောက် နီးကပ်အောင် ဒူးနဲ့ ဗိုက်သားကို ထိပေးရပါမယ်။ ဒါကို စက္ကန့် ၄၀ လုပ်ရပါမယ်။
၃။ Heel touches
Photo Source: Pinterest
- အိပ်လျက်အနေအထားနဲ့ ဒူးကွေးထားရပါမယ်။
- ပြီးနောက် လက်နှစ်ဘက်ကို ဆန့်တန်းကာ ဘယ်လက်ကို ဘယ်ခြေဖနောင့်နဲ့ ထိပေးရပါမယ်။
- ညာကိုလည်း ဒီလိုပဲ လုပ်ရပါမယ်။
- ဒါကို စက္ကန့် ၄၀ လုပ်ရပါမယ်။
၄။ Plank Twists
Photo Source: Tenor
- တံတောင်ကို အားပြုကာ Plank အနေအထား နေရပါမယ်။
- ပြီးနောက် ခန္ဓာကိုယ်ကို ဘယ်ညာ တစ်လှည့်စီ လှည့်ပေးရပါမယ်။
- ဒါကို ၁ မိနစ် လုပ်ရပါမယ်။
၅။ Plank
Photo Source: Popsugar
- ၁ မိနစ် Plank ထောက်ပေးရပါမယ်။
၆။ Flutter Kicks
Photo Source: Make a Gif
- အိပ်လျက်အနေအထားနဲ့ ခြေထောက်ကို ဆန့်တန်းကာ မြှောက်ထားရပါမယ်။
- ပြီးနောက် ဘယ်ညာ တစ်လှည့်စီ အပေါ်အောက် နိမ့်လိုက် မြင့်လိုက် လုပ်ပေးရပါမယ်။
- အပေါ်ပိုင်း ခန္ဓာကိုယ်ကို မ ပေးထားရင် ပိုထိရောက်ပါတယ်။
- ဒါကို ၁ မိနစ် လုပ်ရပါမယ်။
By MyStyle Myanmar