သင် မွေးထားတဲ့ တိလေးတွေက သခင်ဖြစ်တဲ့ သင့်ကို အနှိုင်းမဲ့ ချစ်ခင်ကြတာကိုတော့ သင်သိမှာပါ။ ကျွန်မတို့ တစ်နေရာကို သွားဖို့ ပြင်တိုင်း သူတို့ပါ အတူတူလိုက်ချင်လို့ ရရာနည်းနဲ့ ကြိုးပမ်းတတ်ကြပါတယ်။ တိလေးတွေ ဘေးမှာ အထုတ်ပြင်ရတဲ့သူတိုင်း ဒီအတွေ့အကြုံကို ခံစားဖူးမှာပါ။ အောက်ဖော်ပြပါ ပုံရိပ်တွေကတော့ သူတို့ သခင်တွေကို သူတို့မပါဘဲ လုံးဝ ခရီးမလွှတ်တဲ့ အဆိုးလေးတွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
Dryer ကို ဖယ်လိုက်ပြီဆိုတော့ အဲ့နေရာဝင်နေရုံပဲလေ

သူက ငါတို့ကို ထားသွားတော့မှာ သားကြီးရာ

သူက ငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်ကြည့်စမ်း..အံ့သြပါ့

သူငါ့ကို တွေ့သွားပြီလား၊ မတွေ့သေးဘူး ထင်တယ်နော်

ကမ်းခြေမှာ Chill ဖို့ အဆင်သင့်ပဲ

ကျွန်တော်မလိုက်ရဘူးလို့လည်း ပြောသေးတယ်..ဘာလို့ ကျွန်တော်ဝင်မယ့် နေရာ လုပ်ပေးထားတာလဲ

အနည်းဆုံးတော့ အိတ်နဲ့ မကွာသွားဖို့ လုပ်ပေးဦးဗျာ

အလှလေး ကျွန်တော်လည်း လိုက်ပါရစေ

ကျွန်တော့်ကို ဘယ်သူ ဂရုစိုက်တော့မှာလဲဗျာ

တီရှပ်အတွက်ကျ နေရာပေးပြီး ကျွန်တော့်အတွက်ကျ နေရာမရှိဘူး

အကုန်ထုတ်ပေးပြီးပြီနော်..တို့ကိုပါ ခေါ်သွား

လေယာဉ်ဘယ်အချိန်လဲဗျ.. ရေချိုးဖို့ မှီဦးမလား

ဒီဓာတ်ပုံရိုက်မယ့်ကိစ္စက ကျွန်တော်မပါဘဲ မပြီးဘူးဗျာ

အား..သူတို့ငါ့ကို ထားခဲ့ပြန်ပြီ

ကျွန်တော့်ကို ခေါ်ပြီဆိုတော့ ဒါပဲလေ
Source: Brightside.me
By MyStyle Myanmar





