မျက်နှာပေါ်မှာ ဟိုတစ်ဖု ဒီတစ်ဖုနဲ့ အလှဖျက်နေတဲ့ ဝက်ခြံတွေကြောင့် စိတ်ချနေပြီလား။ အခုဖော်ပြပေးမယ့် သဘာဝပေါင်းတင်နည်း (၃) မျိုးထဲမှ မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ရွေးချယ်ကာ ပေါင်းတင်ပေးလိုက်ပါ။ မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံများအားလုံး ယူပစ်သလို ပျောက်ကင်းသွားပြီး ချောမွတ်နူးညံ့တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

နနွင်းမှုန့် ပေါင်းတင်နည်း

Photo Source: MissKyra

နနွင်းမှုန့် ပေါင်းတင်နည်းကတော့ ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားများကို သေစေနိုင်ပြီး ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပါတယ်။

လိုအပ်မယ့်ပါဝင်ပစ္စည်းများကတော့ ပန်းသီးရှာလကာရည်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နွားနို့တို့ပဲဖြစ်ပါတယ်။ အရင်ဦးဆုံး ဝါဂွမ်းစလေးကို ပန်းသီးရှာလကာရည်ထဲ နှစ်ကာ မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် နနွင်းမှုန့်နှင့် ပျားရည်တို့ကို ရောနှောပြီး ၅ မိနစ်ခန့် စောင့်ပါ။ ထို့နောက် သန့်စင်သော လက်ဖြင့် နနွင်းမှုန့် ပျားရည်အရောအနှောကို မျက်နှာပေါ်သို့ သုတ်လိမ်းလိုက်ပါ။

၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ တကယ်လို့ နနွင်းမှုန့် အသုံးပြုပြီးနောက်မှာ မျက်နှာဝါမှာကို စိုးရိမ်တယ်ဆိုရင်တော့ ဝါဂွမ်းစလေးကို နွားနို့ထဲ နှစ်ပြီး ဝါနေသော နေရာတစ်ဝိုက် သုတ်လိမ်းပေးနိုင်ပါတယ်။

ထောပတ်သီး ပေါင်းတင်နည်း

Photo Source: Eatingwell.com

လိုအပ်မယ့် ပစ္စည်းများကတော့ ထောပတ်သီးမှည့်တစ်လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုယိုသီးတစ်ခြမ်းတို့ပဲဖြစ်ပါတယ်။ ထောပတ်သီးမှည့်ကို အနှစ်များရအောင် ချေပြီးနောက် ပျားရည်ဖြင့် ရောနှောပါ။ ထို့နောက် သံပုယိုသီး ညှစ်ထည့်လိုက်ပါ။ ထို့နောက် ဝက်ခြံပေါက်သော နေရာပေါ်မှာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် အုံထားပေးလိုက်ပါ။

တကယ်လို့ သင့်အသားအရေက Sensitive ဖြစ်တဲ့အသားအရေဆိုရင်တော့ သံပုယိုရည် မထည့်ပါနဲ့။

ထောပတ်သီးက အသားအရေကို နုပျိုစေပြီး ချွေးပေါက်ထဲ ပိတ်မိနေသော အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ ပျားရည်ကတော့ ဘက်တီးရီးယားများကို သေစေပြီး သံပုယိုရည်ကတော့ အသားအရေကို ဝင်းပစေပါတယ်။

ပျားရည် သီးသန့်ပေါင်းတင်နည်း

သင့်အနေနဲ့ အထက်ဖော်ပြပါ ပေါင်းတင်နည်းများကို အသုံးပြုရတာ ကရိကထများတယ်။ ပါဝင်ပစ္စည်းတစ်မျိုးတည်းနဲ့ ပြီးပြတ်ချင်တယ်ဆိုရင်တော့ သဘာဝပျားရည်စစ်စစ်ကို အသုံးပြုနိုင်ပါတယ်။

ဝက်ခြံပေါက်တဲ့နေရာပေါ်သို့ ပျားရည်ဖြင့် တို့ထားပေးလိုက်ပါ။ ပျားရည်က ရောင်ရမ်းမှုကို လျော့ချပေးပြီး ဝက်ခြံကို အရောင်ကျစေပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပျားရည်ဖြင့် အုံပြီးတဲ့နောက်မှာ ရေနွေးနွေးဖြင့် ဆေးချလိုက်ပါ။

Source: Helloglow.co