ဘယ်နေရာသွားသွား ကိုယ့်ခြေထောက်ကို အသုံးပြုရတာ ဖြစ်တာကြောင့် ခြေထောက်ကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ ကိုယ့်ခြေထောက်က အပြစ်အနာအဆာ ကင်းစင်မှ သင့်အနေနဲ့ စိတ်ချမ်းသာမှာပါ။ ဒီတစ်ခေါက်မှာတော့ ကိုယ့်အိမ်မှာပဲ Foot Spa လုပ်နိုင်မယ့် နည်းလမ်း တစ်ခုကို ပြောပြပါရစေ။

ဒီနည်းလမ်းကို သင် ပင်ပန်းနေတဲ့အချိန် ဒါမှမဟုတ် ခြေထောက်ကို ပိုနူးညံ့စေချင်တဲ့ ရည်ရွယ်ချက် ရှိရင် အသုံးပြုနိုင်ပါတယ်။ ဒီတော့ နည်းလမ်းကို ကြည့်လိုက်ရအောင်နော်-

လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • ဆား

Photo Source: Medical News Today

  • သံပယိုရည်

  • မုန့်ဖုတ်ဆိုဒါ

  • ရေနွေး

ပြုလုပ်ပုံ

ခြေထောက် နှစ်လို့ ရမယ့် ခွက်ကြီး တစ်ခွက်ထဲကို ဆား နှစ်ဇွန်း ထည့်ရပါမယ်။ ပြီးနောက်မုန့်ဖုတ်ဆိုဒါ ဇွန်းကြီး တစ်ဇွန်း ထည့်ရပါမယ်။ သံပယိုရည် တစ်ဇွန်း ထည့်ရပါမယ်။ Shower Gel အနည်းငယ် ထည့်ပေးရပါမယ်။

Photo Source: YouTube

ဒီအရောထဲကို ရေနွေး ကိုယ့်ခြေထောက် စိမ်မယ့် ပမာဏ ထည့်ပေးရပါမယ်။ ခြေထောက် နှစ်လို့ရမယ် ရေနွေးအနေအထားမှာ စိမ်ပေးရပါမယ်။ ၁၅ မိနစ် ဒီထဲမှာ နေပေးရပါမယ်။

ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ် ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar