သင်က ချွေးနံ့ ထွက်တတ်သူဆိုရင် Deodorant ဆောင်ထားသင့်ပါတယ်။ ချွေးနံ့ပျောက်ဆေးက ခဏခဏ ချွေးထွက်သူတွေ၊ ချွေးနံ့ ပြင်းသူတွေ အတွက် ရည်ရွယ်ပါတယ်။ သင်က လက်ရှိ အပြင်မသွားနိုင်လို့ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ခရီးသွားဖို့ပဲဖြစ်ဖြစ် ချွေးနံ့ပျောက်ဆေး လိုချင်တယ်ဆိုရင် ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ၊ ကိုယ်ဝယ်ထားတဲ့ အလှကုန်တွေနဲ့ ဖန်တီးနိုင်ပါတယ်။ ဒီတော့ နည်းလမ်းကို ကြည့်လိုက်ရအောင်နော်-

လိုအပ်တဲ့ ပစ္စည်း ငါးမျိုးကတော့-

၁။ Shea Butter ၂ ဇွန်း


၂။ အုန်းဆီ ၁ ဇွန်း


၃။ Corn Starch ၃ ဇွန်း


၄။ မုန့်ဖုတ်ဆိုဒါ ဇွန်းဝက်

ဒီပစ္စည်း လေးမျိုးကို အမှုန့်မရှိတော့တဲ့အထိ ရောမွှေပေးရပါမယ်။ ပြီးနောက် ဒီထဲကို သင်သုံးနေကျ Essential Oil ၁၅ စက် ထည့်ပေးရပါမယ်။

Photo Source: Farmhouse on Boone

ဒီအရောကို ခွက်တစ်ခွက် ထဲထည့်ပေးရပါမယ်။ ထည့်ပြီးနောက် ဒါကို ရေခဲသေတ္တာထဲ ၁ နာရီ ထားပေးရပါမယ်။

ဒါဆိုရင်တော့ သင်လိုချင်တဲ့ Deodorant ရပါပြီ။

Photo Source: Pinterest

By MyStyle Myanmar