ချစ်သူမဖြစ်ခင် သူငယ်ချင်းအနေနဲ့ တွဲကြည့်တဲ့အခါ ရလာမယ့် တန်ဖိုးရှိတဲ့ အရာတွေ ရှိပါတယ်။ အကောင်းဆုံး အချစ်ရေးတွေက တစ်ခါတလေ ခင်မင်မှုကနေ စတင်ပါတယ်။ သင့်အနေနဲ့ ကောင်လေး တစ်ယောက်နဲ့ မတွဲခင် အရင်ဆုံး သူငယ်ချင်းအနေနဲ့ နေပြီး လေ့လာသင့်ပါတယ်။ ဘာလို့ ဒီလိုလုပ်သင့်လဲ အကြောင်းပြချက်တွေကို ကြည့်လိုက်ရအောင်နော်-
၁။ တစ်ယောက်အကြောင်း တစ်ယောက်သိမယ်
သူငယ်ချင်းအရင် ဖြစ်တာကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ပိုသိပါတယ်။ ပိုရင်းနှီးလွယ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်။
၂။ နှလုံးသားချင်း ရင်းနှီးမယ်
စကားပြောတဲ့အခါလည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ သူငယ်ချင်းတွေ အနေနဲ့ စတင်ခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး ရှက်တော့မှာ မဟုတ်ပါဘူး။
၃။ ခင်မင်မှုက အချစ်ရေးမှာ အရေးကြီးပါတယ်
သမီးရည်းစား ဆက်ဆံရေးမှာ မိတ်ဆွေ တစ်ဦးလို ခင်မင်မှု ဆိုတာပါဝင်ပါတယ်။ သင်က မတွဲခင် အရင် သူငယ်ချင်း ဖြစ်တဲ့အခါ ခင်မင်ရင်းနှီးဖို့ အထူး ကြိုးစားစရာမလိုတော့ပါဘူး။
၄။ တူညီမှုတွေ ရှိမယ်
တချို့စုံတွဲတွေဟာ သဘောထား၊ အကြိုက် မတူတာကြောင့် လမ်းခွဲတဲ့အထိ ဖြစ်တတ်ပါတယ်။ သင်တို့က သူငယ်ချင်း အရင် ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တူမတူ လေ့လာနိုင်ပါတယ်။ အကြိုက်တူတဲ့အခါ ချစ်သူဖြစ်တဲ့အချိန် ဒီဝါသနာပါရာကို အတူတူ လုပ်နိုင်ပါတယ်။
၅။ တစ်ယောက်အပေါ် တစ်ယောက် ဂရုစိုက်မယ်
သူငယ်ချင်းအနေနဲ့ စတင်ခြင်းဟာ အောက်ခြေကနေ စတင်တာပါပဲ။ သူငယ်ချင်းတွေက အချင်းချင်း ဂရုစိုက်တတ်ကြပါတယ်။ သင်တို့ကလည်း ဒီလိုပါပဲ။ ချစ်သူမဖြစ်ခင် သူငယ်ချင်းဖြစ်နေတာမို့ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်မှု ရှိကြမှာပါ။
၆။ အချိန်ယူနိုင်မယ်
ချစ်သူအနေနဲ့ တိုက်ရိုက်မသွားတာကြောင့် သူငယ်ချင်း အဆင့်မှာ အဆင်ပြေရဲ့လား အချိန်ယူ စဉ်းစားနိုင်ပါမယ်။ အဆင်မပြေရင် ချစ်သူမဖြစ်ခင် တစ်ခါတည်း လမ်းခွဲနိုင်ပါတယ်။
၇။ ခင်မင်ရင်းနှီးမှု ဟာ အရေးအကြီးဆုံးပါ
ခင်မင်ရင်းနှီးမှု ကြီးမားတာကြောင့် ချစ်သူဖြစ်ပြီးနောက် ပြဿနာ ဖြစ်ခဲ့ရင်တောင် ပြေလည်မှု ရဖို့ ပိုလွယ်ပါတယ်။ သံယောဇဉ်ကြိုး ပိုခိုင်မာစေပါတယ်။
သင့်အနေနဲ့ သင့်ကောင်လေးနဲ့ မတွဲခင် အရင်ဆုံး သူငယ်ချင်း အနေနဲ့ နေခဲ့ဖူးလား ပြောပြခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar