Girls’ Generation အဖွဲ့ဝင် Yuri က ‘Bossam – Stealing Fate’! ဆိုတဲ့ ရှေးခေတ် ဒရာမာ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဒရာမာ ဇာတ်လမ်းကိုတော့ MBN ကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲ ပါဝင်တဲ့ သူမရဲ့ ပုံရိပ်တွေ မြင်ပြီးနောက်မှာတော့ ပရိတ်သတ်တွေဟာ အံ့သြမဆုံး ဖြစ်ကြပါတော့တယ်။ ဘာလို့လဲဆိုတော့ သူမက ရှေးခေတ် ဝတ်စုံနဲ့ အံဝင်ခွင်ကျ လိုက်ဖက်နေလို့ပါ။

ပရိတ်သတ်တွေဟာ ယခင် က Yuri ဟာ ဆွဲဆောင်မှုရှိပြီး Sexy ကျတဲ့ ခေတ်ဆန်ဆန် မိန်းကလေးတစ်ယောက်လို့ သတ်မှတ်ခဲ့ကြတာပါ။

ဒါပေမဲ့ ရှေးခေတ် ဒရာမာ ဇာတ်လမ်း ထွက်လာတဲ့ အချိန်မှာတော့ ပေါ့ပါးတက်ကြွတဲ့ Yuri မဟုတ်တော့ဘဲ တည်ငြိမ်ပြီး ရင့်ကျက်တဲ့ ရှေးခေတ် အမျိုးသမီး အသွင် ပြောင်းလဲသွားခဲ့ပါတယ်။

ပရိတ်သတ်တွေဟာ Character လုံးဝ ပြောင်းလဲသွားတဲ့ Yuri ကို ချီးကျူးထားကြပါသေးတယ်။ ချီးကျူးစကားတွေကတော့-

“Yuri က ဒီလို သမိုင်းဒရာမာဇာတ်လမ်းနဲ့ လိုက်ဖက်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး၊ သူမက လုံးဝပြီးပြည့်စုံမှုပဲ”
“သူမက ဒီစတိုင်နဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ”


“သူမက ဧကရာဇ်ဘုရင်မကြီးပဲနေမှာ”
“Yuri ကို ခေတ်ဆန်ဆန်ပုံစံလို့ပဲ သိထားခဲ့တာ..ဒါပေမဲ့ သူမက တကယ့် ဂျိုဆွန်းပုံစံပဲ”

“သူမက ကြည့်ကောင်းလိုက်တာ၊ ရှေးခေတ် ဒရာမနဲ့ သူမက အရမ်းလိုက်ဖက်တာပဲ”
“ဒီစတိုင်ကမှ တကယ့် ဂျိုဆွန်းခေတ် စတိုင်စစ်စစ်”
“အမလေး ငါသူ့ကို မမှတ်မိတော့ဘူး”


“သူမ ဘယ်လို သရုပ်ဆောင်ထားမလဲ တော့မသိဘူး.. ဒါပေမဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ရင်တော့ နောက်လာမယ့် ရှေးခေတ် ဇာတ်လမ်းတွေက သူမအတွက်ပဲ”

စသဖြင့် ချီးကျူး Comment များစွာ ရှိခဲ့ပါတယ်။ သင်ကကော Yuri ကို ဒီ Character နဲ့ လိုက်ဖက်တယ်လို့ ထင်လား ပြောပြခဲ့ပါဦး။

Source: Allkpop

By MyStyle Myanmar