သင်က နဂိုထက် ပိုကျန်းမာ ချင်တယ် ပိုပျော်ချင်တယ် ဆိုရင်တော့ တခြား အောင်မြင်ပျော်ရွှင်သူတွေ ဘယ်လိုနေလဲ လေ့လာသင့်ပါတယ်။ သူတို့ အတိုင်း လိုက်ပြီး စမ်းလုပ်ကြည့်သင့်ပါတယ်။ လုပ်ရင်းနဲ့ သင့်အတွက် အဆင်မပြေရင်တော့ စွန့်လွတ်နိုင်ပါတယ်။ အခု ဖော်ပြထားတဲ့ အလေ့အကျင့်တွေကတော့ ကျန်းမာ ပျော်ရွှင်ချင်သူတွေ ရှိထားသင့်တဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။

၁။ အိပ်ချိန် ထချိန် ပုံမှန်ထားတာ

ကိုယ့်အိပ်ချိန်ကို တသမတည်း ထားပြီး မနက် အိပ်ရာနိုးတဲ့ အချိန်ကိုလည်း ပုံမှန် အချိန်တစ်ခုတည်း ထားသင့်ပါတယ်။ အစပိုင်းတော့ လေ့ကျင့်ရတာ ခက်ခဲပေမယ့် အချိန်ကြာလာတာနဲ့အမျှ သင့်ကျန်းမာရေးကို သိသိသာသာ အကျိုးပြုလာပါလိမ့်မယ်။

၂။ အစားအသောက်

ကိုယ်စားတဲ့ အစားအသောက်ကို အာဟာရ မျှမျှတတ ပါတာမျိုး ဖြစ်သင့်ပါတယ်။ အာဟာရ မျှတ တဲ့ အစားအသောက်ကို မနက်မှာ စားတာ ဖြစ်ဖြစ် နေ့လည်မှာ စားတာဖြစ်ဖြစ် အချိန်တစ်ခုမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တာ စားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေကတော့ Protein, Carb, Fat နဲ့ အသီးအရွက်တွေပဲ ဖြစ်ပါတယ်။

၃။ စိတ်အားထက်သန်မှု

ကိုယ့်ရဲ့ စိတ်ခွန်အားကို အမြဲ မြှင့်တင်ထားသင့်ပါတယ်။ ကိုယ့်စိတ်အခြေအနေ အမြဲထက်သန်မှု ရှိနေဖို့ ကိုယ်တိုင် ပြုလုပ်ယူလို့ရပါတယ်။ စိတ်ခွန်အားပေးတဲ့ Page တွေကို Like လုပ်ထားတာ၊ ကိုယ့်စိတ်ကို အားတက်စေသူတွေရဲ့ ဗီဒီယိုတွေ ကြည့်တာ၊ နားထောင်တာတွေကို ပြုလုပ်သင့်ပါတယ်။

၄။ ရေသောက်တာ

တစ်နေ့တာလုံး ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများ သောက်ပေးတာကြောင့် ခန္ဓာကိုယ် ပေါ့ပါးသွက်လက်ပြီး အသားအရေ ပိုစိုပြေလာမှာပါ။

၅။ အားကစား

တစ်နေ့မှာ အားကစားလုပ်ချိန်ကို နာရီဝက်အနည်းဆုံး ထားပြီး နာရီဝက်ကနေ တစ်နာရီ အထိ လုပ်ပေးသင့်ပါတယ်။ သင်လုပ်နိုင်တဲ့ အားကစားတွေထဲမှာ ယောဂ၊ လမ်းလျှောက်တာ၊ ရေကူးတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေ ထည့်သွင်းပါဝင်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar