Social Media က ကိုယ်ချစ်ရသူတွေနဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Platform တစ်ခု ဖြစ်ပါတယ်။ ကိုယ့်အကြောင်းကိုလည်း Social Media တွေကနေ လူတွေ သိလာအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ လုံးဝ မသုံးဘဲ ရှောင်သင့်တဲ့ အချိန်တွေရှိပါတယ်။ ဘယ်အချိန်တွေ ရှောင်သင့်လဲဆိုတော့-

၁။ ဒေါသထွက်နေတဲ့အချိန်

ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူနဲ့ ပြဿနာတက်ပြီး ဒေါသထွက်နေတဲ့ အချိန် Social Media ကို မသုံးသင့်ပါဘူး။ ကိုယ့်ဒေါသတွေကို Social Media ပေါ် ပေါက်ကွဲတာက ဖြေရှင်းချက်ကောင်း မဟုတ်ပါဘူး။ တခြားသူတွေ ကိုယ့်အပေါ် မမြင်စေချင်တဲ့ ပုံရိပ်ကို ရေးဆွဲရာရောက်ပါတယ်။

၂။ တခြားသူကို အားကျ မနာလိုဖြစ်တဲ့အချိန်

ကိုယ့်ဘဝက အဆင်မပြေဖြစ်နေတဲ့အချိန် တခြားသူတွေ ပျော်တာ၊ ကိုယ့်ထက် သာတယ်လို့ ထင်လာတဲ့အခါ Social Media ကို လျှော့သင့်ပါတယ်။ ဒီလို အားကျ မနာလိုစိတ်ဖြစ်နေတဲ့အချိန် Social Media ဆက်သုံးနေမယ်ဆိုရင် သင့်စိတ်အခြေအနေ ပိုဆိုးလာပါလိမ့်မယ်။

၃။ အချစ်ရေး အဆင်မပြေတဲ့အခါ

ကိုယ့်အချစ်ရေး အဆင်မပြေကြောင်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ပဲ တိုင်ပင်သင့်ပါတယ်။ Social Media ပေါ် တင်လိုက်တာက တချို့လူတွေအတွက် အတင်းပြောစရာ အလုပ်တစ်ခု ရသွားစေပါတယ်။

၄။ ရင်ဖွင့်ချင်တဲ့အချိန်

Social Media က ရင်ဖွင့်လို့ အကောင်းဆုံး နေရာတစ်ခုပါပဲ။ ရင်ဖွင့်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့် Personal Problem မဖြစ်ဖို့လိုပါတယ်။

၅။ တစ်ယောက်ယောက်နဲ့ စကားများတဲ့အချိန်

တစ်ယောက်ယောက်နဲ့ ပြဿနာတက်တာကို ဒီအကြောင်း Social Media ပေါ် မတင်သင့်ပါဘူး။ သူနဲ့ စကားများတယ်ဆိုရင် ဒါကို တိုက်ရိုက်ဖြေရှင်းလိုက်တာ အကောင်းဆုံးပါပဲ။ နောက်မှ နောင်တရမယ့် ကိစ္စမျိုးကို သတိထားသင့်ပါတယ်။

၆။ စိတ်ဓာတ်ကျနေတဲ့အချိန်

ကိုယ်စိတ်ဓာတ်ကျတာကို Social Media ပေါ် တင်လို့ရပါတယ်။ ဒါပေမဲ့ ဒီကနေတစ်ဆင့် ကိုယ့်ကို ပျော်အောင် လုပ်ပေးဖို့ မျှော်လင့်ချက် မထားသင့်ပါဘူး။ ပိုလို့တောင် အထီးကျန်သွားပါလိမ့်မယ်။

၇။ ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အချိန်

တစ်ခါတလေ ကိုယ်တင်လိုက်တဲ့အရာကို ဘယ်သူမြင်လောက်တယ်ဆိုတဲ့ အတွေးမျိုး မရှိဘဲ ရုတ်တရက် တင်ပစ်လိုက်တာတွေ ရှိပါတယ်။ ကိုယ့်ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အချိန် အမှားပိုပါနိုင်ပါတယ်။ ဒါကြောင့် ကိုယ်မတင်ခင် ဒါက သင့်တော်ရဲ့လား အရင် စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar