သင်က လက်ရှိ အပြင်ထွက်ဖို့ အဆင်မပြေဘူး၊ ဒါမှမဟုတ် ပြတ်တုန်းလပ်တုန်း ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အလှအပ နည်းလမ်းတွေကို သိထားဖို့ လိုပါပြီ။ ဒီတစ်ခေါက်မှာတော့ ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်တဲ့ Body Scrub ပြုလုပ်နည်းကို ဖော်ပြပါရစေ။
Body Scrub ကို တစ်ပတ်မှာ နှစ်ခါကနေ သုံးခါ ပြုလုပ်ပေးမှ ဒူးညိုတာ၊ တံတောင် ညိုတာတွေ သက်သာပြီး အသားအရေ ကြည်လင်ရှင်းသန့်စေမှာပါ။ ဒီတော့ သပ်သပ်ဝယ်စရာမလိုတော့ဘဲ အိမ်မှာပဲ Body Scrub ပြုလုပ်နိုင်မယ့် နည်းလမ်းကို ကြည့်လိုက်ရအောင်နော်-
ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-
သကြား
သကြားက ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို လန်းဆန်းသွားစေကာ အာဟာရဓာတ်ဖြည့်ပေးပါတယ်။
Body Wash Cream or Gel
သင် ပုံမှန်ရေချိုး နေကျ Shower Gel ကို လိုအပ်ပါတယ်။ Body Wash က ခန္ဓာကိုယ်ပေါ်က ချေးအညစ်အကြေးတွေကို စင်စေဖို့ ရည်ရွယ်ပါတယ်။
ဒီပါဝင်ပစ္စည်း နှစ်မျိုးကို အနှစ် ထူပြစ်ပြစ် ရတဲ့အထိ ရောမွှေပေးရပါမယ်။ ပြီးနောက်ဘူးအလွတ်တစ်ဘူးထဲ ထည့်ပေးရပါမယ်။
ဒါဆိုရင်တော့ သင်လိုချင်တဲ့ Body Scrub ကိုရပါပြီ။ ဒီနည်းလမ်းက လွယ်ကူတာမို့ စမ်းလုပ်ကြည့်ဖို့ အကြံပေးပါရစေ။
Photo Source: Pinterest
By MyStyle Myanmar