အပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် လှပတဲ့လက်သည်းဒီဇိုင်းအသစ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်တဲ့အခါမျိုးမှာ ဘာပုံဖော်ရမလဲစဉ်းစားရတာလည်း အလုပ်တစ်ခုပါပဲ။ ဒါကြောင့် ဒီလိုလက်သည်းဒီဇိုင်းလေးတွေက အသုံးဝင်စေမှာပါ။
ဒီလက်သည်းဒီဇိုင်းလေးတွေဆိုရင် အပြာရောင်အနုကော၊ အပြာရောင်အရင့်ကော ရောစပ်ပြီးပုံဖော်ထားလို့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။
လက်သည်းအရမ်းရှည်အောင်မထားတဲ့ ကောင်မလေးတွေဆိုရင် အပြာရောင်လေးနဲ့ ဒီလိုလက်သည်းအကွက်လေး ပုံဖော်ကြည့်ပါ။ ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။
လက်သည်းအရှည်မထားတဲ့ ကောင်မလေးတွေနဲ့ လူငယ်ကောင်မလေးတွေအတွက်တော့ ဒီလက်သည်းဒီဇိုင်းလေးက ချစ်ဖို့ကောင်းပါတယ်။ အပြာရောင်နုနုလေးနဲ့ အဖြူရောင်ကို ဆိုးထားတာဖြစ်လို့ လူငယ်ဆန်ပြီး ပုံဖော်ထားတဲ့ဒီဇိုင်းကလည်း ဆန်းပါတယ်။
အပြာရောင်ကိုမှ အရောင်နုတာလေးကြိုက်တဲ့ ကောင်မလေးတွေအတွက်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းကိုချစ်ဖို့ကောင်းပြီး အရမ်းလည်းလှပါတယ်။ ဒီဇိုင်းအဆန်းလေးလည်းဖြစ်တာကြောင့် မိန်းကလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။
Mermaid ကြိုက်တဲ့ ကောင်မလေးတွေဆိုရင်တော့ အပြာရောင်နုနုလေးကိုသုံးပြီး ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ အရမ်းကိုလှပါတယ်။
အပြာရောင်အနုလေးဆိုးပြီး Marbel ကျောက်ဒီဇိုင်းလေးပုံဖော်တာလည်း အရမ်းလှပါတယ်။ လက်သည်းအရှည်နဲ့ပဲဖြစ်ဖြစ်၊ လက်သည်းအတိုနဲ့ပဲဖြစ်ဖြစ် လိုက်ပါတယ်။
Marbel ကျောက်ဒီဇိုင်းကိုမှ ဒီလိုအပြာရောင်လေးပုံဖော်လည်း အရမ်းလှပါတယ်။
လက်သည်းအချွန်ထားတဲ့သူတွေဆိုရင်တော့ ဒီဇိုင်းရှင်းရှင်းလေးနဲ့ အပြာရောင်လည်းပါအောင် ဒီလိုမျိုးလေးဆိုးပြီး ပုံဖော်ကြည့်ပါ။
photo source: www.pinterest.com