ဆံပင်အတိုနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေအတွက် GFriend Member Eunha ရဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အိုင်ဒီယာယူပြီး လွယ်လွယ်ကူကူလိုက်ဝတ်လို့ရတဲ့ ဖက်ရှင်ပုံစံလေးတွေဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေနဲ့ GFriend Fan တွေကတော့ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဂျင်းစကပ်အတိုလေးကို အင်္ကျီအမဲ၊ Jacket အမဲနဲ့တွဲဝတ်ထားပြီး Boots လေးစီးထားတာပါ။ ဆံပင်အတိုနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်သလို ဆံပင်အရှည်နဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ဆံပင်အတိုနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေက စကပ်အတိုလေးတွေဝတ်ရင် ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းပါတယ်။ Eunha ရဲ့ ဒီဖက်ရှင်လေးဆိုရင်လည်း ပန်းရောင်ဝမ်းဆက်လေးဖြစ်တာကြောင့် မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဂျင်းစကပ်လေးတွေကို Oversize Tshirt တွေနဲ့ဝတ်တာကလည်း ဆံပင်အတိုနဲ့ကောင်မလေးတွေ၊ လူကောင်သေးတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဝတ်ရတာပေါ့ပါးပြီး အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီအမဲလေးတွေ၊ ဘောင်းဘီအကျပ်လေးတွေကိုဝတ်မယ်ဆိုရင်လည်း Eunha ဝတ်ထားသလို အင်္ကျီအပွလေးတွေနဲ့ဝတ်တာက ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

ဘောင်းဘီအဖြူလေးတွေဝတ်မယ်ဆိုရင် အင်္ကျီအဖြူလေးတွေ ဒါမှမဟုတ် Eunha ဝတ်ထားသလို Crop Top လေးတွေနဲ့ဝတ်တာက ကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဆံပင်အတိုနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်မျိုးပါ။

ဆံပင်အတိုနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေအနေနဲ့ Floral Dress လေးတွေဝတ်မယ်ဆိုရင် အရှည်မဝတ်ပဲ Eunha ဝတ်သလို အတို Short Dress လေးတွေဝတ်ရင် ပိုပြီးချစ်ဖို့ကောင်းပါတယ်။

ဆံပင်အတိုနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေအတွက် နောက်ထပ်လိုက်ဖက်တဲ့ ဖက်ရှင်ကတော့ Flannel Shirt အပွတွေကို Eunha ဝတ်သလို ဘောင်းဘီအတိုနဲ့ တွဲဝတ်တာမျိုးပါ။ Freestyle ပုံစံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဆံပင်အတိုနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေက ဂျင်းဘောင်းဘီအတိုဝတ်မယ်ဆိုရင် Oversize Tshirt တွေနဲ့သာ တွဲဝတ်ပါ။ လုံးဝကို Freestyle ဖြစ်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

photo source:www.pinterest.com