ဓာတ်ပုံရိုက်ရတာကိုဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် ဆန်းသစ်ပြီးချစ်ဖို့ကောင်းနေမယ့် ဓာတ်ပုံရိုက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပို့စ်မပေးတတ်တဲ့သူတွေအတွက်လည်း ဘယ်လိုပို့စ်ပေးရမလဲဆိုတာပါ တစ်ခါထဲသိသွားစေမယ့်ပုံလေးတွေပါ။
ဒီပုံလေးဆိုရင် ဘယ်မှသွားစရာမလိုပဲ အိမ်မှာပြင်ပြီးရိုက်လို့ရပါတယ်။ ဖက်ရှင်ကတော့ သူမဝတ်ထားသလို အဖြူရောင်လေးဖြစ်မှ ပိုပြီး Perfect ဖြစ်နေမှာပါ။
ဂစ်တာလေးနဲ့ရိုက်မယ်ဆိုရင် ဘောင်းဘီတွေဝတ်ပြီးရိုက်တာက ရိုးပါတယ်။ ဒီလိုဖက်ရှင်လေးဝတ်ပြီး ဂစ်တာနဲ့ပို့စ်ပေးရိုက်ကြည့်ပါ။ ကြည့်ရတာဆန်းသစ်ပြီး ချစ်ဖို့ကောင်းစေပါတယ်။
စာအုပ်လေးတွေနဲ့ရိုက်မယ်ဆိုရင် လုံးဝအလွမ်းအဆွေးပုံစံလေးနဲ့ ဆန်းသစ်ပြီးချစ်ဖို့ကောင်းနေအောင် ဒီလိုမျိုးလေးတွေရိုက်ကြည့်ပါ။ စာအုပ်အဟောင်းဆိုင်တို့၊ စာအုပ်စင်ကြားတို့မှာဆို ပိုကောင်းပါတယ်။
လမ်းမမှာထီးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေး ရိုက်ချင်တယ်ဆိုရင်တော့ ဂါဝန်ရှည်လေးဝတ်ပြီး ဒီလိုပုံမျိုးရိုက်ကြည့်ပါ။
ကော်ဖီဆိုင်လေးတွေ၊ ခုံတန်းလေးတွေမှာ ရိုက်မယ်ဆိုရင် ဒီလိုမျိုးလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ကော်ဖီခွက်လေးပါရင် ပိုပြီး Perfect ဖြစ်သွားစေပါတယ်။
သစ်ပင်နား၊ ပန်းလေးတွေနားမှာရိုက်မယ်ဆိုရင် ချစ်ဖို့ကောင်းအောင် ဒီလိုမျိုးလေး ပို့စ်ပေးပြီး ရိုက်လို့လည်းရပါသေးတယ်နော်။ အင်္ကျီလက်ရှည်လေးတွေနဲ့ဆိုရင်တော့ ပိုလှပါတယ်။
အနီးကပ်ကိုမှ ဆန်းသစ်ပြီးချစ်ဖို့ကောင်းအောင် ရိုက်ချင်တယ်ဆိုရင်တော့ နှင်းဆီပန်းအနီလေးနဲ့ ဒီလိုပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဂါဝန်လေးတွေနဲ့ရိုက်ရင်တော့ ပိုပြီးချစ်ဖို့ကောင်းစေပါတယ်။
photo source:www.pinterest.com