အလှအပနဲ့ ပတ်သက်လာတဲ့အခါ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တစ်ခုစီ ပိုင်ဆိုင်ထားတတ်ကြပါတယ်။ အထူးသဖြင့် ကမ္ဘာကျော်မော်ဒယ်တွေမှာ အလှအပဆိုင်ရာ လျှို့ဝှက်နည်းများ ရှိပါတယ်။ ဒါ့ကြောင့်လည်း သူတို့တွေက ရှိုးလျှောက်တဲ့ စင်မြင့်ထက်မှာသာမက သာမန်အချိန်တွေမှာလည်း လှပကျော့ရှင်းနေကြတာပါ။

သူတို့တွေက အချိန်တိုင်း နေရာတိုင်းမှာ လှပကျော့ရှင်းနေဖို့အတွက် အခုဖော်ပြပေးမယ့်နည်းလမ်းများကို ကျင့်သုံးကြတာပါတဲ့။

မေးနှစ်ထပ် မဖြစ်ဖို့အတွက်

မေးထောက်တဲ့အခါ မျက်နှာကို မော့ထားပြီး လက်နဲ့ မသိမသာလေး ထောက်ထားခြင်းက ကြွက်သားဆုံးရှုံးမှုမှ ကာကွယ်ပေးပြီ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ပိုးသားလေးလို နူးညံ့တောက်ပြောင်ဖို့အတွက်

Victoria Secret မော်ဒယ်များက သူတို့အသားရေ Glow နေဖို့အတွက် ဘော်ဒီလိုးရှင်း (သို့) ခရင်မ်လိမ်းတဲ့အခါ Glitter အမှုန်လေးတွေ ပါဝင်တဲ့ အိုင်းရှဲဒိုး (သို့) Highlighter များနဲ့ ရောစပ်ကာ လိုးရှင်းလိမ်းကြပါတယ်။

သင့်အနေနဲ့ သတိထားရမှာတစ်ခုကတော့ Glitter အများကြီး အသုံးမပြုမိဖို့ပါပဲ။ နို့မဟုတ်ရင် စိန်တုံးကြီးလို ဝင်းလက်တောက်ပြောင်နေမှာပေါ့။

Peeling လုပ်တဲ့အခါ ရိတ်ကြပါတယ်

နာမည်ကြီးတဲ့ Victorai Secret မော်ဒယ်တစ်ဦးက အင်တာဗျူးတစ်ခုမှာ သူ့ရဲ့မျက်နှာမှာရှိတဲ့ အမွှေးအမျှင်များကို တစ်ပတ် နှစ်ကြိမ်ခန့် ရိတ်ပစ်လေ့ရှိတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့်မို့လို့ သူ့အသားအရေက ဖောင်ဒေးရှင်းလိမ်းတိုင်းမှာ ပြောင်ပြောင်လက်လက်လေးဖြစ်နေတာလို့ ပြောပါတယ်။

လှပတဲ့ ခြေသလုံးနဲ့ ပေါင်တံလေး ပိုင်ဆိုင်ဖို့အတွက်

အရင်ဦးဆုံး ခြေသလုံးနဲ့ ပေါင်တံများကို Scrub ဖြင့် ပွတ်တိုက်ပါတယ်။ ပြီးရင် ခြေသလုံးမွှေးများကို ရိတ်ပစ်လိုက်ပါ။ နောက်ဆုံးကျမှ ခြေသလုံးနဲ့ ပေါင်တံလေးကို ကြေးချွတ်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အသားအရေကို ရေဓာတ်ပြန်ဖြည့်ပေးဖို့အတွက် ဘော်ဒီလိုးရှင်း လူးပေးဖို့ မမေ့ပါနဲ့။

အသားရောင် ဝမ်းဆက်အောက်ခံဂါဝန်

မော်ဒယ်တွေက ရှုတင်တစ်ခုနဲ့တစ်ခုမှာ မနည်းအချိန်လုနေရပါတယ်။ အောက်ခံသီးသန့်လဲချိန် မရကြပါဘူး။ ဒါ့ကြောင့် ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်မှုရှိပြီး အရောင်မရွေးတဲ့ အသားရောင် ဝမ်းဆက်အောက်ခံတစ်ထည် ပိုင်ဆိုင်ထားသင့်ပါတယ်။ လက်သည်းနီ၊ ခြေသည်းနီ ဆိုးတဲ့အခါမှာလည်း ဘယ်အဝတ်အစားအနဲ့မဆို လိုက်ဖက်တဲ့ Nude အရောင်လေးကိုသာ ရွေးချယ်ဆိုးသင့်ပါတယ်။

နှုတ်ခမ်းနီဆိုးတဲ့အခါ

သွားမှာ နှုတ်ခမ်းနီ ပေနေတာကို မသိဘဲ လူကြားထဲ ပြုံးရယ်ပြပြီးကာမှ အရှက်မကွဲချင်ဘူးဆိုရင် နှုတ်ခမ်းနီ မလိမ်းခင်မှာ Vaseline ကို သွားပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ ဒါဆိုရင် သင့်သွားက ပုံမှန်ထက် ပိုပြီး တောက်ပြောင်နေမှာဖြစ်ပြီး နှုတ်ခမ်းနီ ပေမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။

Source: Brightside.me