လက်ပြတ်တို့၊ ကိုယ်ကျပ်အင်္ကျီတို့ဝတ်လိုက်ပြီဆိုရင် လက်မောင်းဘေးဘက်၊ ကျောပြင်ဘေးနဲ့ ခါးဘေးတွေမှာ အဆီပိုတွေထွက်နေတာကို မြင်တွေ့ရမှာပါ။ ဒီလို ခန္ဓာကိုယ်ဘေးဘက်မှာ ထွက်နေတဲ့အဆီပိုတွေ လျော့ကျသွားစေဖို့အတွက် ဒီလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးဖို့လိုပါမယ်။ ဒါမှာ အဆီပိုတွေလျော့ကျပြီး ခန္ဓာကိုယ်က ကျစ်လစ်လှပနေမှာပါ။

ခြေထောက်ကိုမကွေးပဲ ခါးကနေစပြီး အရှေ့ကိုကုန်းရပါမယ်။ ကုန်းတဲ့နေရာမှာလည်း ခါးကနေပခုံးအထိက တစ်ဖြောင့်တည်းဖြစ်နေရပါမယ်။ လက်ကိုတော့ ပုံမှာပြထားတဲ့အတိုင်း အောက်ကိုဆန့်ထုတ်ပြီး လက်ဖဝါးထောက်ထားပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပါ။

လက်တစ်ဖက်ကအလေးကိုကိုင်ပြီး နောက်လက်တစ်ဖက်က ခေါင်းနောက်မှာထားပါ။ ခါးကိုမကုန်းလိုက်ပဲနဲ့ ပုံမှာပြထားတဲ့အတိုင်း အလေးမထားတဲ့ဘက်ကို စောင်းရပါမယ်။ ပြီးရင် ခန္ဓာကိုယ်ပြန်မတ်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ ဘယ်၊ ညာ တစ်လှည့်စီ လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း သေချာနေပြီး အဲ့အတိင်း လိုက်ကိုကွေးလိုက်၊ ပြန်ထောက်လိုက်နဲ့ ဒိုက်ထိုးသလို လုပ်ပေးရမှာပါ။ လုပ်ရမှာလည်း အကြိမ် ၃၀ ပါပဲ။

ပုံမှာပြထားတဲ့အတိုင်း Bow Pose နဲ့ စက္ကန့် ၆၀ နေပေးရပါမယ်။

ခြေထောက်ဆန့်၊ လက်ဆန့်ပြီး လှဲနေရာကနေ ပုံမှာပြထားသလို ခြေထောက်နဲ့လက်ကို ဆန့်ထုတ်ပြီးမြှောက်လိုက်ပါ။ ပြီးရင် ခြေထောက်တွေ၊ လက်တွေကို ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ နဲ့အထက် လုပ်ပေးရပါမယ်။

Source:www.brightside.me