ပျိုမေများအတွက် ဆံကေသာအလှအပသည်လည်း ထိန်းသိမ်းသင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဆံကေသာက ပိုးသားလေးလို နူးညံ့ပျော့ပျောင်းနေမှ ဆံပင်ဖြီးလိုက်တိုင်း စိတ်ချမ်းသာရမှာပါ။
ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံပင်ကတော့ မိန်းကလေးများအတွက် အိပ်မက်ဆိုးပါပဲ။ ဆံပင်ကို ဒီလောက်ထိ ဂရုတစိုက် ထိန်းသိမ်းနေတဲ့ကြားက ပျက်စီးသွားခဲ့ရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ခြောက်သွေ့ကြမ်းတမ်းပြီး ပျက်စီးသွားတဲ့ဆံပင်များအတါက် သံလွင်ဆီက ပြန်လည်ကုစားနိုင်လို့ပဲဖြစ်ပါတယ်။
သံလွင်ဆီက ဆံပင်တစ်ချောင်းချင်းစီကို အရင်းကနေ အဖျားအထိ သန်စွမ်းလာအောင် ကူညီပေးပြီး ဆံကေသာ တောက်ပြောင်အောင်လည်း ကူညီပေးနိုငပါတယ်။
Photo: Lorealparisusa.com
သံလွင်ဆီ အသုံးပြုခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့ ဆံပင်ကို အစိုဓာတ် ဖြည့်တင်းပေးခြင်း၊ ဆံကေသာ သန်စွမ်းစေခြင်း၊ ဆံကေသာ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ ဦးရေပြား ကျန်းမာစေခြင်း စတဲ့အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။
စာဖတ်သူအနေနဲ့ ပျက်စီးသွားတဲ့ ဆံကေသာကို ဘယ်လိုပြန်လည်ထိန်းသိမ်းရမလဲဆိုတော့
ပျားရည်၊ သံလွင်ဆီနှင့် နှမ်းဆီ
Photo: Pinterest.com
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာနှင့် ဦးရေပြားအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၃၀ ခန့်ကြာမှ ခေါင်းလျှော်ပေးလိုက်ပါ။
သံလွင်ဆီနှင့် ထောပတ်သီး
Photo: Healthymuse.com
ထောပတ်သီးမှည့် တစ်လုံးနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို ဖျော်စက်ထဲထည့်ကာ အနှစ်များရလာအောင် ဖျော်လိုက်ပါ။ (သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထပ်ထည့်ချင်လည်းထည့်နိုင်သလို မထည့်ချင်လည်း ရပါတယ်)
ရရှိလာတဲ့အနှစ်ကို ဦးရေပြားနှင့် ဆံပင်ပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ခေါင်းလျှော်ချလိုက်ပါ။
ဒီနည်းလမ်းများကို ခေါင်းလျှော်ခါနီးတိုင်း တစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးပါက ပျက်စီးသွားတဲ့ဆံကေသာက ပြန်လည်ကျန်းမာသန်စွမ်းလာပါလိမ့်မယ်။
Source: Stylecraze.com