အများစုကတော့ လက်စွပ်ကို လက်သန်းကြွယ်မှာ ဝတ်ဆင်တတ်ကြပါတယ်။ တချို့ မိန်းကလေးတွေ ဆိုရင် လက်သန်းကြွယ်တင်မက တခြား လက်ချောင်းတွေမှာပါ အထာကျကျ ဝတ်ဆင်တတ်ကြပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ဒီလို အထာကျကျ ဝတ်ဆင်နိုင်ဖို့က ဘယ်လက်မှာ ဘယ်လို ဝတ်ရင် ပိုလှ မလဲ သိထားဖို့ လိုပါတယ်။ ဒါ့အပြင် လက်စွပ်စွပ်တဲ့ လက်ချောင်းပေါ် မူတည်ပြီး အဓိပ္ပာယ်တွေ ရှိပါသေးတယ်။
လက်သန်းမှာ ဝတ်ရင်တော့ Single လို့ အဓိပ္ပာယ်ရပါတယ်။
လက်သန်းကြွယ်ဆိုရင်တော့ စေ့စပ်ထားတာ၊ လက်ထပ်ထားတာလို့ အဓိပ္ပာယ်ရပါတယ်။
လက်ခလယ်မှာ ဝတ်ရင်တော့ ချစ်မိနေပြီလို့ အဓိပ္ပာယ်ထွက်ပါတယ်။
လက်ညိုးမှာ ဝတ်တဲ့အဓိပ္ပာယ်ကတော့ အိမ်ထောင်ပြုချင်ပြီ၊ လက်ထပ်ချင်ပြီလို့ ဆိုလိုပါတယ်။
ဒါက ဘယ်ဘက်မှာ ဝတ်တဲ့အချိန် အဓိပ္ပာယ် သတ်မှတ်တာပါ။
ဒါပေမဲ့ ကိုယ်က ဒီလို အဓိပ္ပာယ်တွေကို သိပ်ဂရုမစိုက်ဘူး၊ အထာကျချင်လို့ ဝတ်တယ်ဆိုရင်တော့ အခု ဖော်ပြထားတဲ့ ပုံစံတွေအတိုင်း ဝတ်ဆင်နိုင်ပါတယ်။
By MyStyle Myanmar