တချို့ မိန်းကလေးတွေက မိတ်ကပ်လိမ်းရတာကို မကြိုက်ပါဘူး။ မိတ်ကပ်က သူတို့အတွက် မျက်နှာလေးတယ်၊ မိတ်ကပ်နဲ့ မနေတတ်ဘူး စသဖြင့် မိတ်ကပ်လိမ်းဖို့ ပျင်းတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့က မိတ်ကပ်မလိမ်းဘဲလည်း လှချင်ပါသေးတယ်။ တကယ်လို့ သင်က မိတ်ကပ်မလိမ်းဘဲ သဘာဝ ဆန်ဆန် လှချင်တဲ့ မိန်းကလေးတစ်ယောက် ဆိုရင်တော့ ဒီအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။

၁။ အမွှေးရိတ်ပါ

Photo Source: YouTube

သင့်မှာ နှုတ်ခမ်းမွှေး ရေးရေးလေး ရှိတယ်ဆိုရင် ဒါကို ရိတ်သင့်ပါတယ်။ မျက်နှာပေါ်က အမွှေးအမျှင်တွေက မိတ်ကပ် လိမ်းရင်ဘဲ မဖြစ်ဖြစ် ၊ မလိမ်းတာဘဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Clear Face Look ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

၂။ Skin Care လုပ်ပါ

Photo Source: Pinterest

မိတ်ကပ် မလိမ်းဘဲ လှချင်တဲ့ မိန်းကလေးတစ်ယောက် အဖို့ Skin Care မလုပ်လို့မရပါဘူး။ Skin Care ကို တခြားလူထက် ပိုဂရုတစိုက် လုပ်သင့်ပါတယ်။ ဒါမှ မိတ်ကပ်မလိမ်းဘဲ လှနေမှာပါ။

၃။ မျက်ခုံး ရိတ်ပါ၊ မျက်ခုံးမွှေး နှုတ်ပါ

Photo Source: Makeup.com

မျက်ခုံးက မရိတ်ဘဲ ထားတဲ့အချိန် မျက်နှာအလှကို မပေါ်လွင်ဘဲ ဖြစ်စေပါတယ်။ မျက်ခုံးက မျက်နှာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းထဲ ပါဝင်ပါတယ်။ မျက်ခုံးပုံကျပြီး လှနေမှ မိတ်ကပ်မလိမ်းဘဲ အဆင်ပြေမှာပါ။

၄။ မျက်တောင် ကော့ပါ

Photo Source: Pinterest

မျက်တောင် ရှည်တဲ့ မိန်းကလေးတွေ အတွက် ပိုအဆင်ပြေပါတယ်။ မျက်တောင်ကော့တဲ့ Eyelash Curler နဲ့ ကော့ပေးသင့်ပါတယ်။

၅။ Tinted Lip Balm

Photo Source: Bustle

အရောင်ပါတဲ့ Lip Bam ကို နှုတ်ခမ်းနဲ့ ပါးပေါ်မှာ လိမ်းပေးရပါမယ်။ ဒါမှ ပါးမို့ နီနီလေး ဖြစ်မှာပါ။

၆။ ဆံပင်ကို ပြင်ဆင်ပါ

Photo Source: Medical News Today

ဆံပင်ရှုပ်ပွနေရင်လည်း မျက်နှာက ဘယ်လောက်လှပါစေ အဆင်မပြေပါဘူး။ မိတ်ကပ်မပါတဲ့ အလှက ပုံကျတဲ့ ဆံပင်နဲ့မှ အလှဆုံး ဖြစ်မှာပါ။ ဆံပင်ကို သေချာ စည်းတာ၊ ခေါင်းဖြီးတာ၊ ပုံသွင်းထားတာတွေ လုပ်သင့်ပါတယ်။

၇။ ပြုံးပါ

Photo Source: Unsplash

နောက်ဆုံးအချက်ကတော့ ယုံကြည်မှု ရှိရှိ ပြုံးပေးပါ။ ဘယ်လောက် လှပါစေ မပြုံးတဲ့ သူတစ်ယောက်က ဘယ်တော့မှ လူချစ်လူခင် များမှာ မဟုတ်ပါဘူး။ ဒီတော့ များများ ပြုံးသင့်ပါတယ်။

By MyStyle Myanmar