ဆံပင်အုံထူရင် သူများထက်ပိုပြီး ထိန်းသိမ်းရတာအလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆံသားမပျက်စီးပဲ Healthy hair လေးဖြစ်နေအောင်တော့ သေချာဂရုစိုက်ရမှာပါပဲ။ ဒါကြောင့် ကိုယ့်ဆံသားထိခိုက်ပျက်စီးအောင် လုပ်နေမိတာရှိရင်လည်း ပြင်လို့ရအောင် ဆံပင်အုံထူတဲ့မိန်းကလေးတွေ လုပ်လေ့ရှိကြတဲ့ အမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။
ဘီးသေချာရွေးမသုံးတာ
ခေါင်းဖြီးတဲ့အခါမှာ ဘီးကိုသေချာရွေးသုံးတတ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်သုံးနေတဲ့ဘီးကြောင့် ဆံပင်တွေပိုကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆံပင်အုံထူတဲ့သူဆိုရင် ဘီးစိတ်မသုံးရပါဘူး။ ဘီးကြဲတာမျိုး ရွေးသုံးရပါတယ်။
ဆံပင်ခဏခဏဖြောင့်တာ
ဆံပင်အုံထူတဲ့သူက ဆံသားကောင်းရင် အရမ်းလှပါတယ်။ ဒါပေမယ့် Chemical တွေထိတာများရင်တော့ ဆံသားကပျက်စီးသွားမှာပါ။ အထူးသဖြင့် ဆံပင်ခဏခဏဖြောင့်တာဟာ ဆေးထိလိုက်၊ ဖြောင့်စက်ဆွဲလိုက်နဲ့မို့ ဆံသားအရမ်းနာပြီး ပျက်စီးစေပါတယ်။
Shampoo နဲ့ Conditioner သေချာမသုံးတာ
ဆံပင်အုံထူတဲ့သူတွေက ဆံသားတောက်ပြောင်ပြီး ပျော့အိနေရင် အရမ်းလှပါတယ်။ ဒါကြောင့် Shampoo နဲ့ Conditioner ကို သေချာသုံးပေးဖို့လိုပါတယ်။ ကိုယ့်ဆံသားနဲ့ကိုက်ညီတာကို ရွေးသုံးရပါမယ်။ ဥပမာ – ကောက်ထားတဲ့ဆံသားအတွက် Shampoo၊ ဖြောင့်ထားတဲ့ဆံသားအတွက် Shampoo၊ ပျက်စီးနေတဲ့ဆံသားအတွက် Shampoo စတာတွေကို ရွေးသုံးရပါမယ်။
ဆံပင်အောက်ဖျားတွေကိုပုံမှန်မညှပ်ပေးတာ
ဆံပင်အောက်ဖျားတွေကို ပုံမှန်မညှပ်ပေးရင် ဆံပင်အရှည်နှေးပြီး၊ ပျက်စီးနေတဲ့ဆံသားတွေက ပိုများလာမယ်။ ဆံပင်နှစ်ခွနဲ့ ဆံသားကျိုးကျေတာတွေ ပိုပြီးဖြစ်လာပါလိမ့်မယ်။ ဆံပင်အုံထူတဲ့သူတွေဆိုရင် ပိုဆိုးပါတယ်။ ဒါကြောင့် တစ်လ တစ်ခါ ဆံပင်အောက်ဖျားတွေကိုညှပ်ထုတ်ပြီး ပုံသွင်းပေးပါ။ ဒါမှ အုံထူထူလေးနဲ့ လှလှလေးဖြစ်နေမှာပါ။
ခေါင်းခဏခဏလျှော်တာ
ဆံပင်အုံထူတော့ ပူလို့၊ ခေါင်းချွေးထွက်လို့ဆိုပြီး ခေါင်းခဏခဏလျှော်တာမျိုး မလုပ်ရပါဘူး။ အများဆုံး ၃ ရက် တစ်ခါ၊ ပုံမှန် တစ်ပတ်တစ်ခါပဲ လျှော်သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ ခေါင်းခဏခဏလျှော်မယ်ဆိုရင်တော့ ရှိသင့်တဲ့ဆံပင်အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံသားခြောက်ပြီး ဖွာလာမယ်။ ဆံပင်ရှုပ်ထွေးတာငြိတာတွေ အရမ်းဖြစ်လာပါမယ်။
Source: www.bebeautiful.in