တချို့ကျတော့ အရမ်းချစ်တဲ့အတွက် အဆုံးရှုံးမခံချင်လို့ ပေတေပြီးနေကြပါတယ်။ ဒီလို အဆင်မပြေတဲ့ Relationship ကို ဖမ်းဆုပ်ထားမယ်ဆိုရင် ကိုယ့်အတွက်လည်း ကောင်းတာမရှိပါဘူး။ အချိန်ကြာလာလေ ကိုယ်ပဲပိုခံစားရလေဖြစ်ပြီး ဒီလိုဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
ပျော်ရတဲ့အချိန်တွေနည်းလာမယ်
အဆင်မပြေတဲ့ Relationship ကို မပြတ်နိုင်ပဲ ဖမ်းဆုပ်ထားမယ်ဆိုရင်တော့ အချိန်ကြာလာလေ စိတ်ညစ်လာရမှာပါပဲ။ ညှိုယူလို့အဆင်မပြေတဲ့အခါမှာ လက်လွှတ်လိုက်တာက နှစ်ယောက်လုံးအတွက် ပိုကောင်းပါတယ်။ ဒီလိုမဟုတ်ပဲ ဆက်ပြီးဖက်တွယ်နေရင်တော့ ကိုယ်ပျော်ရမယ့်အချိန်တွေ နည်းလာတာပဲရှိပါမယ်။
အထီးကျန်လာမယ်
ရည်းစားနဲ့အဆင်မပြေရင်၊ ရည်းစားကဂရုမစိုက်ရင်တောင် အထီးကျန်သလိုခံစားရတတ်တာ အဆင်မပြေတော့တဲ့ Relationship ကြီးကိုသာ ဆက်ပြီးဖမ်းဆုပ်ထားရင်တော့ စိတ်ညစ်ရတာနဲ့ အထီးကျန်ရတာနဲ့ရောထွေးပြီး Depression တွေဝင်တဲ့အထိကို ဖြစ်လာနိုင်ပါတယ်။
တစ်နေ့ထက်တစ်နေ့နာကျင်လာရမယ်
ကိုယ်ကချစ်ပေမယ့်လည်း ဘယ်လောက်ပဲဖက်တွယ်နေပါစေ အဆင်မပြေနိုင်တော့တာကို ကိုယ်လည်း တစ်နေ့ထက်တစ်နေ့ ပိုသိလာမှာပါ။ ဒီလိုသိလာလေ တစ်နေ့ထက်တစ်နေ့ နာကျင်ရလေပါပဲ။ လွှတ်ချလိုက်ရင် အချိန်တစ်ခုထိပဲ ခံစားရမှာပါ။ အချိန်တန်ရင် သွေးအေးသွားပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေပိုဖြစ်လာမယ်
အဆင်မပြေနိုင်တော့တဲ့ Relationship ကြီးကို လက်မလွှတ်နိုင်ရင် ကြာလာတဲ့အခါမှာ အတွေးမျိုးစုံဝင်လာပါလိမ့်မယ်။ အဆင်ပြေနေတဲ့အတွဲတွေကိုမြင်ရင်၊ အချစ်ခံရတဲ့သူတွေကိုမြင်ရင် ပိုပြီးဝမ်းနည်းရမယ်။ ငါ့ကျမှဘာလို့ဒီလိုတွေဖြစ်ရတာလဲ၊ ဘာလို့ငါကျအချစ်ရေးကံမကောင်းတာလဲ ဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေ ပိုဖြစ်လာပြီး အရာရာကိုအလိုမကျ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် စိတ်ရောလူပါပင်ပန်းရတာမျိုးမဖြစ်အောင် Relationship တစ်ခုမှာ အဆင်မပြေရင် ညှိုယူပါ။ ညှိုယူလို့မရတဲ့အထိ အဆင်မပြေတာတွေများလာရင် ဖက်တွယ်မနေပဲ လွှတ်ချလိုက်တာက ကိုယ့်အတွက် ပိုပြီးကောင်းပါတယ်။
photo source: www.freepik.com