မိန်းကလေးတွေအဖို့ ဝက်ခြံတွေဆိုတာ ရန်သူတွေလိုပါပဲ။ ဟိုတစ်ဖု ဒီတစ်ဖုနဲ့ အလှဖျက်နေကြတာပါ။ ဝက်ခြံကြောင့် အလှပျက်သွားရုံနဲ့လည်း မပြီးသေးပါဘူး။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ အမဲစက်တွေကလည်း ထပ်ဆောင်း အလှဖျက်နေပါသေးတယ်။

ဒါပေမဲ့ ပျိုမေလေးတို့ရေ… စိတ်မညစ်ပါနဲ့တော့။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်များကို အမြစ်ပါမကျန် ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ အမာရွတ်ကင်းစင်ပြီး ချောမွတ်လှပတဲ့ မျက်နှာလေး ပိုင်ဆိုင်ချင်တဲ့ ပျိုမေလေးတို့အတွက် သဘာဝမျက်နှာပေါင်းတင်နည်းအချို့ကို ဝေမျှပေးလိုက်ပါတယ်။

သစ်ကြမ်းပိုးခေါက်နှင့် ပျားရည်

သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ် ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

ဒီမျက်နှာပေါင်းတင်နည်းကိုလည်း တစ်ပတ်မှ နှစ်ကြိမ်ပြုလုပ်ပေးလိုက်ပါ။

ရှာစောင်းလက်ပတ်နှင့် သံပုယိုရည်

ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ်ကို လတ်လတ်ဆတ်ဆတ်ညစ်ထားသော သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းဖြင့် ရောမွှေပါ။ ထို့နောက် မျက်နှာပေါ် အသာအယာသုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ပြီးရင်တော့ မျက်နှာကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ရေဓာတ်ဖြည့်ခရင်မ် Moisturizer လေး ပြန်လိမ်းပေးလိုက်ပါ။ ရှားစောင်းလက်ပတ်ပေါင်းတင်နည်းကိုတော့ တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

လိမ္မော်ခွံ

အခြောက်ခံထားတဲ့ လိမ္မော်ခွံကို အမှုန့်ကြိတ်ပြီးနောက် ရရှိလာတဲ့ လိမ္မော်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဖွန်းကို နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးကာ ၁၀ မိနစ်ခန့် ပေါင်းတင်ပါ။

သတ်မှတ်ချန်ပြည့်မှ ရေအေးအေးဖြင့် မျက်နှာသစ်လိုက်ပါ။ တစ်ပတ် ၂ ကြိမ်ခန့် ပုံမှန်ပေါင်းတင်ပေးပါက ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်များ ယူပစ်သလို ပျေက်ကင်းသွားပါလိမ့်မယ်။

ပျားရည်နှင့် ပန်းသီးရှာလကာရည်

မီးဖိုချောင်ထဲမှာရှိတဲ့ ပျားရည်နှင့် ပန်းသီးရှာလာကာရည်ကလည်း အလှအပအတွက် အသုံးဝင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို လက်ဖက်စိမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ အရင် ရောလိုက်ပါ။ ပြီးရင် သကြားလက်ဖက်ရည်ဇွန်း ၅ ဇွန်းထပ်ထည့်ပါ။ နောက်ဆုံးကျမှ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထပ်ထည့်ပြီး သမအောင် မွှေပါ။

မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် သုတ်လိမ်းပြီးမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းအသုံးပြုမယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

Source: Brightside.me