လူတစ်ယောက် ချစ်တတ်လာဖို့က အချိန်ယူရပါတယ်။ စိတ်ရှည်ရပါတယ်။ သင်က သင်စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ဆီက အချစ်ကို လိုချင်ရင်လည်း ဒီလိုပါပဲ။ လက်ရှိသူက သင့်ကို စိတ်ဝင်စားနေပေမယ့် အမှန်တကယ် မချစ်လာသေးဘူးဆိုရင် ဒီနည်းလမ်းတွေအတိုင်း ကြိုးစားကြည့်နိုင်ပါတယ်။

၁။ သူ့ကို လေးစားကြောင်း ပြပါ

သူက သင့်အတွက် ဂုဏ်ယူစရာ လူတစ်ယောက်ဖြစ်တယ်လို့ မြင်လာအောင် ပြပေးရပါမယ်။ ယောကျာ်းတစ်ယောက်က သူတို့ ဂုဏ်ပိုတက်စေမယ့် မိန်းကလေး တစ်ယောက်အနားမှာ ပိုနေချင်ကြပါတယ်။ သူ့ကို တလေးတစားနဲ့ ဆက်ဆံသင့်ပါတယ်။

၂။ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပါ

ယောကျာ်းလေး အများစုရဲ့ ဆန္ဒက မိန်းကလေး တစ်ယောက်က သူတို့ကို အားကိုးစေချင်တာပါ။ ကာကွယ်တယ်ဆိုတာ သိစေချင်တာပါ။ သူက သင့်ကို ဒီလို ကာကွယ်ပေးလာတဲ့အခါတိုင်း ကျေးဇူးတင်စကား ပြောရပါမယ်။ သူက သင့်အပေါ် အကူအညီပေးခဲ့ရင် ဒီအတွက် အသိအမှတ်ပြုပြီး ကျေးဇူးတင်ပေးရပါမယ်။

၃။ ဂရုစိုက်ပါ

ယောကျာ်းလေးတွေက သူတို့ကို ဂရုစိုက်တဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါတယ်။ အလွန်အကျွံ မဟုတ်ရင်တောင် သူ့အကြောင်းတွေ ဂရုတစိုက် နားထောင်သင့်ပါတယ်။

၄။ အကောင်းမြင်စိတ်ထားပါ

ယောကျာ်း လေးတစ်ယောက်က သူနဲ့ ပတ်သက်တဲ့ မိန်းကလေး တစ်ယောက်ကို ပျော်ရွှင်နေတာပဲ မြင်ချင်ကြပါတယ်။ သူတို့ကြောင့် မိန်းကလေး တစ်ယောက် မပျော်တော့ဘူးဆိုရင် ဒီနေရာကနေ စွန့်ခွာ သွားတတ်ကြပါတယ်။ ဒါကြောင့် သူနဲ့ ဆက်ဆံတဲ့အချိန်တိုင်း အကောင်းဘက်ကနေပဲ ကြည့်သင့်ပါတယ်။

၅။ သူ့ရဲ့ အာရုံစိုက်မှုကို ရဖို့

သူ့စိတ်ထဲမှာ သင့်အကြောင်း ရှိစေချင်ရင် သူနဲ့ စကားပြောတဲ့အချိန်တိုင်း မျက်လုံးထဲ ကြည့်ပြောပေးပါ။ သူ့ရှေ့ ယုံကြည်မှု ရှိရှိသာ ပြောပေးပါ။

၆။ သူ့ဘက်က ရပ်တည်ပေးပါ

သူ့ဘဝမှာ အဆိုးတွေနဲ့ ကြုံတွေ့လာတဲ့ အချိန် သူ့ဘက်ကနေ ရပ်တည်ပေးသင့်ပါတယ်။ သူ့အနားမှာ ကိုယ်က အားပေးရင်း ဂရုစိုက်သင့်ပါတယ်။

ဒီအချက်တွေကို ကြိုးစားလုပ်မယ်ဆိုရင်တော့ အချိန်တစ်ခု ကြာတဲ့အခါ သူသင့်ကို ချစ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar