အသားညိုတဲ့ မိန်းကလေးတွေမှာ အတွေ့များတာကတော့ ဒူးညိုတာပါပဲ။ တံတောင်ညိုတာကတော့ လက်ထောက်ပြီး လုပ်ရတဲ့ အားကစားနည်းတွေ၊ နေရောင်ခြည်ခဏခဏ ထိတွေ့တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒူး၊ တံတောင် ညိုရတဲ့အကြောင်းအရင်းက ဆဲလ်သေတွေ မကွာနိုင်လို့ပါ။ ပြန်ဖြူလာအောင် ကြိုးစားနိုင်တဲ့ နည်းများစွာ ရှိပါတယ်။ ဒါပေမဲ့ အချိန်ယူပြီး ထိန်းသိမ်း ပေးမှ ပြန်ဖြူလာမှာပါ။ ဒီတစ်ခေါက်မှာတော့ ညိုနေတဲ့ နေရာတွေ ပြန်ဖြူလာဖို့ နည်းလမ်း တစ်ခုကို မျှဝေပါရစေ။

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-

ဆန်မှုန့် တစ်ဇွန်း

Photo Source: Stylecraze

ဆန်မှုန့်က အသားအရေကို ပြန်လည်ဖြူလာစေပါတယ်။ ဗီတာမင် ဘီပါဝင်ပြီး ဆဲလ်အသစ်တွေ ပြန်လည် ဖြစ်ပေါ်မှုမှာ ကူညီပေးပါတယ်။

နနွင်းတစ်ဇွန်း

Photo Source: HerZindagi

နနွင်းမှုန့်မှာ Antioxidant ပါဝင်ပြီး အသားအရေ အရောင်ကို ညီညာစေပါတယ်။ အသားအရေကို တောက်ပစေပါတယ်။

နွားနို့တစ်ဇွန်း

Photo Source: HerZindagi

နွားနို့မှာ ပါဝင်တဲ့ Lactic Acid က အသားညိုတာကို လျော့ပါးစေပြီး ပိုမိုတောက်ပလာစေပါတယ်။

ဒီသုံးမျိုးကို အနှစ်ရတဲ့အထိ မွှေပေးရပါမယ်။ ဒီအနှစ်မလိမ်းခင် ကိုယ်ဖြူစေချင်တဲ့ ဒူး ဒါမှမဟုတ် တံတောင်နေရာကို Exfoliate ချေးချွတ်ထားရပါမယ်။ ပြီးနောက် အနှစ်ကို လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၀ မိနစ် ကနေ ၁၂ မိနစ် ထားပေးရပါမယ်။

ကိုယ့်အသားအရေနဲ့ တည့်မတည့် သိနိုင်အောင် ဒီနည်းလမ်းကို မသုံးခင် Patch Test ငါးမိနစ် လုပ်ပေးသင့်ပါတယ်။ ဓာတ်မတည့်မှုတွေ မဖြစ်ဘူးဆိုရင်တော့ အသုံးပြုနိုင်ပါပြီ။

By MyStyle Myanmar