Society for Personality and Social Psychology က ပြုလုပ်တဲ့ လေ့လာမှု တစ်ခုအရ ဝါသနာတစ်ခုဟာ ပျော်ရွှင်မှုပေါင်းများစွာနဲ့ ညီမျှတယ်လို့ ဆိုထားပါတယ်။ ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး သင့်ကို လက်ရှိအချိန်မှာ ပိုပျော်ရွှင်စေမယ့် ဝါသနာ တွေကို ဖော်ပြပါရစေ။

၁။ ဂီတပညာ

သီချင်းဂီတက ကျွနု်ပ်တို့ရဲ့ စိတ်ခံစားမှုပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိပါတယ်။ သီချင်း စာအုပ်ထဲက ဂီတစာလုံးတွေကို အပြင်မှာ ပုံဖော်ရတာက တစ်နေ့တာ ရုန်းကန်ရတာတွေကို မေ့ပျောက်စေပါတယ်။ တူရိယာ တစ်ခုခုကို တက်မြောက်ထားသင့်ပါတယ်။

၂။ စာအုပ်ဖတ်တာ

စာအုပ်ဖတ်တာက သင့်ကို ကမ္ဘာသစ် တစ်ခု ဆီ ခေါ်ဆောင်သွားတတ်ပြီး အတွေးအခေါ် ကောင်းမွန်လာစေပါတယ်။

၃။ ချည်ထိုးတာ

သိုးမွှေးထိုးတာ၊ ချည်ထိုးတာ စတာတွေက သင်တန်းများစွာ ပေါ်ပေါက်နေပါပြီ။ ဒီလက်မှုလုပ်ငန်းတွေက သင့်ကို စိတ်ငြိမ်စေပြီး ပိုပျော်ရွှင်စေပါတယ်။

၄။ ဒိုင်ယာရီ ချရေးတာ

Facebook မှာ စာတင်ရတာထက် စာအုပ်ထဲ ဒိုင်ယာရီ ချရေးလိုက်တာက သင့်စိတ်ကို ပိုပျော်ရွှင်စေပါတယ်။ ကိုယ့်ရဲ့ စိတ်ညစ်စရာတွေကို စာအုပ်တစ်အုပ်ထဲ ချရေးတဲ့ အကျင့် မွေးသင့်ပါတယ်။

၅။ အိုးလုပ်တာ

အိုးလုပ်တဲ့ ဝါသနာကလည်း သင့်ကိုပျော်ရွှင်မှု ပေးတဲ့ ဝါသနာတစ်ခုပါ။

၆။ တောင်တက်တာ

ပြင်ပ Activity, လေကောင်းလေသန့် ရှူရတာနဲ့ သဘာဝကို မြတ်နိုးတယ်ဆိုရင်တော့ တောင်တက်တဲ့ ဝါသနာကို ပျိုးထောင်သင့်ပါတယ်။ တောင်တက်တာက သင့်အတွက် အဆင်မပြေရင် ပုံမှန် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပေးတာကလည်း သင့်ကို ပျော်ရွှင်စေပါတယ်။

၇။ ချက်တာ

အနံ့၊ အရသာ စတာတွေကို ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးနိုင်တဲ့ ချက်ပြုတ်ခြင်း ဝါသနာကလည်း သင့်ကို ပျော်ရွှင်စေတဲ့ ဝါသနာတစ်ခုပါ။

၈။ ကြယ်တွေကို ငေးကြည့်တတ်တာ

တချို့တွေဆို ကြယ်ကြည့်ဖို့ ဆိုပြီး နေရာတစ်ခုဆီ တကူးတက သွားလာတတ်ပါသေးတယ်။ သင်နေတဲ့ နေရာက ညဘက် ကြယ်တွေ မြင်ရတယ်ဆိုရင်တော့ သင်လုပ်နေတာတွေ ခဏရပ်ပြီး ကြယ်တွေကို ငေးကြည့်သင့်ပါတယ်။

၉။ ဥယျာဉ်စိုက်ပျိုးတာ

အပင်စိုက်တဲ့ ဝါသနာကလည်း လူတစ်ယောက်မှာ ပျိုးထောင်သင့်တဲ့ ဝါသနာတစ်ခုပါ။

၁၀။ အနုပညာ

ပန်းချီဆွဲခြင်းဆိုတဲ့ အနုပညာဝါသနာကလည်း သင့်ကို ပျော်ရွှင်စေပါတယ်။ အရောင် စပ်နေရတာကိုက ပျော်ရွှင်ခြင်း တစ်မျိုးပါပဲ။

ဒီဝါသနာတွေထဲမှာ သင်က ဘယ်ဝါသနာကို ပျိုးထောင်မယ် စဉ်းစားထားလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

Source: Brighside.me

By MyStyle Myanmar