သင်က လူတစ်ယောက်ကို ထပ်မချစ်ချင်တော့တဲ့အထိ ဖြစ်သွားတယ်ဆိုတာက လက်ရှိအချိန် နာကျင်နေလို့ပါ။ ဒါက အမှန်တရား တစ်ခုပါပဲ။ Social Media ပေါ်မှာ Block, Unfriend လိုက်ရုံနဲ့ သူ့ကို မချစ်တော့အောင် လုပ်လို့မရပါဘူး။ အချိန်က ကုစားပေမယ်ဆိုတဲ့စကားက နက်နက်ရှိုင်းရှိုင်း မချစ်မိတဲ့ လူတစ်ယောက်အတွက် မှန်နိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိသွားတဲ့အချိန် အချိန်ကလည်း မကုစားပေးနိုင်တာတွေရှိပါတယ်။ ဒီတော့ သင်က လက်ရှိမှာ လူတစ်ယောက်ကို ဆက်မချစ်ချင်တော့ဘူး ဆိုရင်တော့ ဒီအချက်တွေအတိုင်း ကြိုးစားကြည့်နိုင်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် ချစ်ပါ

သူ့ကို ချစ်မိလို့ နာကျင်ရတဲ့ ကိုယ့်ကိုကိုယ် ချစ်ပေးပါ။ ကိုယ့်အတွက် အကျိုးရှိတာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေမယ့် အရာတွေကို ကြိုးစားပြီး လုပ်ပေးသင့်ပါတယ်။ သူ့ကို ချစ်တာထက် ကိုယ့်ကိုကိုယ် ပိုပြီးတော့ ချစ်သင့်ပါတယ်။

၂။ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး

သူ့ကို မချစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ နေ့က စတင်ပြီး နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ် ဘယ်တော့မှ နောက်ပြန်မလှည့်ဘူးဆိုပြီး သတိပေးနေသင့်ပါတယ်။ သတိရလာတဲ့အချိန်တိုင်း ငါမချစ်မိအောင် ကြိုးစားနေတယ်ဆိုတဲ့ အချက်ကို သတိရသင့်ပါတယ်။

၃။ ဒီအခြေအနေကနေ ကောင်းကွက်ကို စဉ်းစားပါ

သူ့ကို ဆက်မချစ်တော့တဲ့ အချိန် ရလာမယ့် ကောင်းကျိုးတွေ အပေါ် အာရုံပြုသင့်ပါတယ်။ သူ့ကို မချစ်တော့တဲ့အချိန် ကိုယ့်ဆီမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရလာမလဲ၊ ဒီအရာတွေအတွက် ပျော်နေသင့်ပါတယ်။

၄။ သူနဲ့ အဆက်အသွယ် မလုပ်ပါနဲ့

သူ့ဘက်က ဆက်သွယ်လာတာကလွဲရင် ကိုယ့်ဘက်က စဆက်သွယ်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ကို တတ်နိုင်သလောက် ထိန်းချုပ်သင့်ပါတယ်။ ဒါပေမဲ့ ထိန်းချုပ်ရင်း ပေါက်ကွဲထွက်တာမျိုး မဖြစ်အောင်တော့ သတိထားသင့်ပါတယ်။

၅။ တခြားတစ်ယောက်နဲ့ ကြူပါ

သူ့ကို မေ့နေဖို့က တခြား တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့အချိန်ကလည်း ကိုယ့်အတွက် ကုစားရာပါပဲ။ အတည်တကျ တွဲတာမျိုးမဟုတ်ရင်တောင် အီစီကလီ လုပ်တာတွေနဲ့ အချိန်ကုန်နေနိုင်ပါတယ်။

၆။ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပါ

အပေါင်းအသင်းဆံ့အောင် ကြိုးစားသင့်ပါတယ်။ အဖွဲ့အစည်းတွေထဲ ဝင်တာ၊ ပရဟိတ လုပ်တာ စတာတွေက သူ့အကြောင်း မစဉ်းစားမိစေဘဲ ကိုယ့်ကို တခြား အတွေးတွေနဲ့ ပြည့်နေစေပါတယ်။ မိသားစုနဲ့ လည်း အချိန်ကုန်ဆုံးသင့်ပါတယ်။ ဒီလိုမှ သင်အထီးမကျန်တော့မှာပါ။

၇။ သူနဲ့ ပတ်သက်သမျှ အမှတ်တရ တွေကို ဖျက်ဆီးပါ

သူ့ကို မချစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို အကုန်လွှင့်ပစ်သင့်ပါတယ်။ ဒီလိုမှ သူ့ကို သတိရတာမျိုး၊ လွမ်းဆွတ်တာမျိုး မဖြစ်တော့မှာပါ။

Photo Source: Pinterest

By MyStyle Myanmar