အာရုံစိုက်ရတဲ့အလုပ် လုပ်တဲ့သူတွေနဲ့၊ အလေးအပင်မရတဲ့သူတွေက ပခုံးရိုးနာတာမျိုး၊ ပခုံးတွေတင်းပြီး ဇာတ်ကြောတက်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်နေတာတွေအားလုံးသက်သာပြီး ကိုယ်လက်ပေါ့ပါးစေမယ့် လေ့ကျင့်ခန်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ တစ်နေ့ကို အချိန်နည်းနည်းပေးပြီး ၇ မျိုးလုံး ပုံမှန်လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ခုံတစ်လုံးကိုရှေ့မှာချပြီး ပုံမှာပြထားတဲ့အတိုင်း လက်တစ်ဖက်ကို ခုံပေါ်တင်ပြီး ခန္ဓာကိုယ်ကို နည်းနည်းကုန်းထားပါ။ နောက်လက်တစ်ဖက်ကို နာရီလက်တံလှည့်သလို လှည့်ပေးပါ။ ၁၀ ကြိမ်လုပ်ပြီးရင် နောက်လက်တစ်ဖက်ကို ပြောင်းလုပ်ပေးပါ။

ယောဂကျင့်တဲ့ဖျာပေါ်မှာ ပုံမှာပြထားတဲ့အနေအထားအတိုင်း နေပေးပါ။ လက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်းလုပ်ပြီး ၁ မိနစ်နေပေးရပါမယ်။ အချိန်ပြည့်တာနဲ့ ဘယ်ညာပြောင်းပြီး နောက်လက်တစ်ဖက်ကို ပြောင်းလုပ်ပါ။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို နည်းနည်းမြှောက်ပြီး ပခုံးကြွက်သားကို ဆွဲညှစ်ပေးပါ။ ပြီးရင် လက်ကိုအောက်နည်းနည်းပြန်ချပြီး ဆက်ညှစ်ထားပါ။ အဲ့အတိုင်း ၃ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

ပုံမှာပြထားတဲ့အတိုင်း နံရံပေါ်မှာ လက်ချောင်းလေးနှစ်ခေါင်းကို လမ်းလျှောက်သလိုမျိုး လုပ်ပေးပါ။ အကြိမ် ၂၀ လောက်လုပ်ပြီးရင် ဘယ်လက်ညာလက် ပြောင်းလုပ်ပါ။

တံခါးမှာ လေ့ကျင့်ခန်းလုပ်တဲ့ ရာဘာကြိုးကို ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ဆွဲယူလိုက်၊ ပြန်လျော့လိုက် လုပ်ပေးရမှာပါ။ အဲ့အတိုင်း ၁၅ ကြိမ်လုပ်ပြီးရင် ဘယ်လက်၊ ညာလက် ပြောင်းလုပ်ပါ။

ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ထားပေးပါ။ ပြီးရင် အဲ့အတိုင်းပဲ လက်ကို အောက်ချလိုက်ပါ။ ပြီးရင် ခုနကလိုပဲ လက်ကို အပေါ်ပြန်တင်ပါ။ ဖြေးဖြေးချင်းစီပဲလုပ်ပေးပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၉ ကြိမ်ပါ။

Towel ကို ပခုံးပေါ်တင်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ ရှေ့ကိုဆွဲချလိုက်၊ နောက်ကိုပြန်ဆွဲချလိုက်နဲ့ လုပ်ပေးရမှာပါ။ တစ်ခါဆွဲချရင် ဖြေးဖြေးချင်းစီ ၁ မိနစ်လောက် လုပ်ပေးပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၁၀ ကြိမ်ပါ။ ဘယ်ညာပြောင်းလုပ်ရပါမယ်။

Source: www.brightside.me