တစ်ယောက်တည်းနေတဲ့ Single အမျိုးသမီးတွေကို ဒီချိန်ထိ နှိမ်တဲ့သူတွေ ရိတဲ့တဲ့ပြောတဲ့သူတွေရှိနေပါသေးတယ်။ ဒါကြောင့် တချို့တွေဆိုရင် လူတွေရဲ့ အပြောမခံနိုင်တာနဲ့ပဲ မတွဲသင့်တဲ့ သူတွေနဲ့ ကောက်တွဲတာရှိပါတယ်။ တချို့အမျိုးသမီးတွေကတော့ တစ်ယောက်တည်းပဲ နေတတ်ကြပါတယ်။ ကိုယ့်ဘဝကို ကိုယ့်ဘာကိုယ်အားကိုးပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပါတယ်။ Single အမျိုးသမီးတွေက ဘာကြောင့် တစ်ယောက်တည်းနေတတ်ကြတာလဲ။ သူတို့ရဲ့ စိတ်ဓာတ်က ဘယ်လိုမျိုးလဲကြည့်လိုက်ရအောင်နော်-
၁။ ရင့်ကျက်တဲ့အမျိုးသမီးတွေဟာ နံပါတ်တစ် ဦးစားပေးပဲ ဖြစ်ချင်ကြတယ်
တစ်ယောက်တည်းနေတတ်တဲ့ အမျိုးသမီးတွေက အချိန်ကုန်ဖို့ မထိုက်တန်တဲ့ ယောကျာ်းတစ်ယောက်နဲ့ အချိန်ကုန်မခံတတ်ပါဘူး။ တစ်ကယ်လို့ ရည်းစားထားခဲ့ရင်လည်း ကိုယ့်ချစ်သူရဲ့ နံပါတ်တစ်ဦးစားပေးပဲ ဖြစ်ချင်ကြပါတယ်။ သူတို့အပေါ်မကောင်းတဲ့ ယောကျာ်းတစ်ယောက်နဲ့ အချိန်ကုန်ခံ လက်မတွဲတတ်ပါဘူး။ ဒါကြောင့်ပဲ Single ဖြစ်နေတာပါ။
၂။ စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတွေက သူတို့တက်လမ်းကိုပဲ အာရုံစိုက်ကြပါတယ်
ထူးချွန်တဲ့အမျိုးသမီးတွေက သူတို့ဘဝတိုးတက်ဖို့အတွက် တစ်ယောက်တည်းနေပါဆိုလည်း နေတတ်ကြပါတယ်။ သူတို့ဘဝအောင်မြင်ဖို့အတွက်ကို ပထမဦးစားပေးတတ်ကြပါတယ်။ ဒါကြောင့် အောင်မြင်တဲ့အမျိုးသမီးအများစုက Single တွေဖြစ်နေတာပါ။
၃။ သူတို့ကို အမိန့်ပေးတဲ့ယောကျာ်းမျိုးကို ငြင်းဆန်ဖို့ ဝန်မလေးပါဘူး
ရင့်ကျက်တဲ့မိန်းကလေးတွေက သူတို့ကို ဘယ်လိုဝတ်ပါ၊ ဘယ်လိုနေရင်လှတယ်လို့ လိုက်ညွှန်ကြားနေတတ်တဲ့ ယောကျာ်းမျိုးကို ငြင်းပယ်ဖို့ ဝန်မလေးပါဘူး။ သူတို့ရဲ့ ဆိုးတာတွေကို လက်မခံပေးတဲ့လူတစ်ယောက်နဲ့ တွဲမယ့်အစား တစ်ယောက်တည်းပဲ နေဖို့ ဆုံးဖြတ်တတ်ပါတယ်။
၄။ Single အမျိုးသမီးတွေက အဆင်မပြေတဲ့နေရာမှာ မနေတတ်ကြပါဘူး
အမှီအခိုကင်းတဲ့အမျိုးသမီးတွေက သူတို့နဲ့ အဆင်မပြေတဲ့သူတွေနဲ့ နေမယ့်အစား တစ်ယောက်တည်းပဲ ပျော်ပျော်ကြီး နေတတ်ကြပါတယ်။
၅။ ရင့်ကျက်တဲ့အမျိုးသမီးတွေက အမှားလုပ်ဖို့မကြောက်ပါဘူး
အမှားဆိုတာ ဘဝတစ်ကွေ့မှာ ဖြစ်လာမယ့်အရာတွေဆိုတာ သူတို့နားလည်ထားပါတယ်။ အမှားကနေ သင်ခန်းစာယူနိုင်မှန်း သိထားကြပါတယ်။ တစ်ယောက်တည်းနေတတ်တဲ့ အမျိုးသမီးတွေက အမြဲတမ်းဂရုစိုက်ခံချင်တဲ့ ကလေးဆန်တဲ့ ယောကျာ်းလေးတွေနဲ့ မတွဲတတ်ပါဘူး။
၆။ စိတ်ဓာတ်ခိုင်မာသူ အမျိုးသမီးတွေက သူတို့ကို အရုပ်တစ်ရုပ်လို ဆက်ဆံတာမျိုး လက်မခံပါဘူး
အမှီအခိုကင်းတဲ့ မိန်းကလေးတွေက သူတို့ကို အရုပ်သာသာ မြင်တတ်တဲ့ ယောကျာ်းမျိုးကို ရှောင်ကြပါတယ်။ သူနဲ့ စိတ်ရောကိုယ်ရော ဆက်သွယ်နေတဲ့ ယောကျာ်းမျိုးကိုပဲ လိုချင်ကြပါတယ်။
၇။ ရင့်ကျက်တဲ့အမျိုးသမီးတွေက သူတို့ပြဿနာကို ရင်ဖွင့်နိုင်တဲ့ လက်တွဲဖော်မျိုးကိုပဲ လိုချင်ကြပါတယ်
ကိုယ့်အကြောင်းပဲ ထိုင်ပြောနေတတ်တဲ့ ယောကျာ်းမျိုးကို တော်တဲ့ မိန်းကလေးတွေက မကြိုက်ကြပါဘူး။ မိန်းကလေးတွေရဲ့ အတွေး၊ အကြံဉာဏ် သဘောထားတွေကို လက်မခံပေးတတ်တဲ့ လက်တွဲဖော်မျိုးကို ရင့်ကျက်တဲ့ အမျိုးသမီးတွေက ရှောင်ဖို့ ဝန်မလေးပါဘူး။
၈။ ငိုဖို့ မကြောက်ပါဘူး။ ဒါပေမဲ့ မှားယွင်းတဲ့လူတစ်ယောက်ကြောင့် နာကျင်ရမှာကို ကြောက်တတ်ကြပါတယ်
စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေက သူတို့ခံစားချက်တွေကို နားမလည်ပေးတတ်တဲ့ ယောကျာ်းမျိုးကို စိတ်မဝင်စားပါဘူး။
၉။ သူတို့တွေက Single တွေဖြစ်ကြပါတယ်
ကိုယ့်ကိုကိုယ် အားကိုးနိုင်တာ သူတို့သိထားကြပါတယ်။ ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်အတွက် တစ်ယောက်တည်းနေရတာက အထီးကျန်တယ်လို့ အဓိပ္ပာယ်မရပါဘူး။ သူ့ကိုယ်သူ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကိုပဲ အချိန်ပေးတတ်ကြပါတယ်။ အမှီအခိုကင်းတဲ့ သူတို့ဘဝကို ကြိုက်နှစ်သက်ကြပါတယ်။
၁၀။ ရင့်ကျက်တဲ့အမျိုးသမီးက တော်တဲ့လက်တွဲဖော်ကိုပဲ လိုချင်ကြပါတယ်
ရင့်ကျက်တဲ့အမျိုးသမီးတွေက သူတို့ဘဝကို ရင်ဖွင့်နိုင်မယ့်သူ၊ သူ့ရဲ့အားနည်းချက်ရော အားသာချက်ရော သိတဲ့အမျိုးသားတွေကို ရွေးချယ်တတ်ကြပါတယ်။ သင်ကကော တစ်ယောက်တည်းနေတဲ့ Single လား။ Single ဆိုရင် ဘယ်လိုစိတ်နေစိတ်ထားရှိလဲ ပြောခဲ့ပါဦးနော်။
Source: Brightside




