မင်္ဂလာပါ ပျိုမေလေးတို့ရေ… အခုဆိုရင် ပူအိုက်တဲ့ ရာသီဥတုက ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်တဲ့အတွက် ရာသီဥတုအိုက်စပ်စပ်ကလည်း ရှည်လျားတဲ့ဆံကေသာပိုင်ရှင်လေးတွေအတွက်တော့ စိတ်အနှောင့်အယှက်တစ်မျိုးပါပဲနော်။

ပူအိုက်လွန်းလို့ ဆံပင်ရှည်ကြီးကို ညှပ်ပစ်လိုက်ချင်ပေမယ့် ညှပ်ပစ်ပြီးမှ နောင်တရတဲ့အဖြစ်မျိုး ကြုံတွေ့ရမှာစိုးတဲ့ ပျိုမေလေးတွေအတွက် နွေရာသီမှာ အအိုက်သက်သာစေမယ့်အပြင် အလွယ်တကူပြုုလုပ်နိုင်တဲ့ ဆံပင်စတိုင်လ်လေးတွေ ဆံပင်ပြင်ဆင်ထုံးဖွဲ့ပုံလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

ဘေးတစ်စောင်းကျစ်ဆံမြီး နှစ်ပင်ကို အခွေပုံစံ ပြန်လိမ်ထားမယ်

နောက်တွဲ ဆံထုံးအသေး

ဝက်မြီး ကျစ်ဆံမြီး

အထပ်ကြီး ကျစ်ဆံမြီး

ပြင်သစ်ဆံထုံး

နှစ်ပင်လိမ်း ကျစ်ဆံမြီး

နောက်တွဲ ဆံထုံးကြီး

ကျစ်ဆံမြီး ဆံထုံး

ကျက်သရေရှိတဲ့ မြင်းမြီးကျစ်ဆံမြီး

ပြင်သစ်စတိုင်လ် ခရုခွံဆံထုံး

ဘေးတစ်စောင်း ကျစ်ဆံမြီး

လည်စည်းပုဝါအပါးတစ်ထည် အသုံးပြုပြီး ဆံထုံးထုံးမယ်

တစ်ခေါင်းလုံး ကျစ်ထားတဲ့ ကျစ်ဆံမြီး

ကျစ်ဆံမြီး အလိမ်

ကျစ်ဆံမြီး အနားသတ် ဆံထုံး

ရေတံခွန်ပုံစံ ကျစ်ဆံမြီး

ကျစ်ထားတဲ့ ကျစ်ဆံမြီးကို ဆံထုံးပုံစံ ကျော့ရှင်းနေအောင် ထုံးထားမယ်

နှစ်ပင်လိမ် ကျစ်ဆံမြီး

မြင်းခွာပုံကျစ်ဆံမြီး

အခုမျှဝေပေးလိုက်တဲ့ ကျစ်ဆံမြီးပုံစံလေးတွေနဲ့ ပြင်ဆင်ထုံးဖွဲ့ပြီး အပြင်သွားမယ်၊ ရုံးသွားမယ်ဆိုရင်တော့ နွေရာသီမှာ အအိုက်သက်သာစေမယ့်အပြင် အရမ်းကိုလှပကျော့ရှင်းနေမှာကတော့ အမှန်ပါပဲနော်။

Source: brightside