နေပူထဲထွက်တာများနေတဲ့သူတွေအတွက် အသားအရေမပျက်စီးအောင် ပြန်ပြီးဂရုစိုက်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲမှာ Body အတွက် ဘယ်လိုဂရုစိုက်ရမလဲ၊ မျက်နှာအတွက် ဘယ်လိုဂရုစိုက်ရမလဲဆိုတာတွေ အကုန်ပါတာကြောင့် အားလုံးအတွက် အသုံးဝင်ပါလိမ့်မယ်။

အရင်ဆုံး အပြင်မထွက်ခင်မှာ နေလောင်ကာ Sunscreen လိမ်းပေးပါ။ မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက်စတဲ့ နေရောင်ခြည်ထိမယ့်နေရာတွေကို လိမ်းပေးပါ။

နေပူထဲထွက်တာများပြီး အသားအရေမပျက်စီးအောင် ပြန်ဂရုစိုက်နိုင်မယ့် နည်းလမ်းကတော့

မျက်နှာအတွက်ဆိုရင် အပြင်မှာကပ်လာတဲ့ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ အကုန်ပါသွားအောင် Makeup Remover နဲ့ သေချာဖျက်ပေးပါ။ ပြီးရင် မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။

Toner, Essence (or) Hydrating Serum လိမ်းပြီး Sheet Mask ကပ်ပေးပါ။ ၁၅ မိနစ်လောက်နေရင်တော့ Mask ခွာပြီး မျက်နှာကို လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ မျက်လုံးကပ်တဲ့ Eye Mask (သို့) Eye Cream လိမ်းပြီး အိပ်နိုင်ပါပြီ။ ဒီလိုလုပ်ပေးခြင်းက အသားအရေမပျက်စီးသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ မနက်ရောက်ရင်လည်း ကိုယ်လိမ်းနေကျ Skincare Step တွေ လိမ်းဖို့မမေ့ပါနဲ့။

Body အတွက်ဆိုရင်တော့ ပြန်ရောက်တာနဲ့ ရေချိုးပြီး Lotion ကို တစ်ကိုယ်လုံး သေချာလိမ်းပေးပါ။ နောက်နေ့တွေမှာလည်း ဒီလိုပဲဆက်လုပ်ပေးပါ။ တစ်ပတ်တစ်ခါ Body Scrub လုပ်ပေးပါ။ Scrub လုပ်ပြီးရင်တော့ ၃ ရက်လောက် အပြင်မထွက်ပဲ အိမ်ထဲမှာပဲနေပေးပါ။

နေပူထဲထွက်တာများရင်တော့ နေလောင်တာ၊ အသားအရေပျက်စီးတာ၊ အသားမဲတာမျိုးက ဖြစ်မှာပါပဲ။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလို ကိုယ်က သေချာပြန်ဂရုစိုက်ပေးရင်တော့ အသားအရေပျက်စီးတာ၊ မဲတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။

Photo source: www.freepik.com