ကိုယ့်ဆီကခံတွင်းနံ့ နံလား၊ မနံလားဆိုတာ ကိုယ်တိုင်ကျ မသိတာများပါတယ်။ စကားပြောမိမှသာ သူများက ကိုယ့်အနံ့ကို ရတာပါ။ ဒါကြောင့် ကိုယ့်ခံတွင်းနံ့ နံလား၊ မနံလားသိရအောင် စမ်းသပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒါမှလည်း ခံတွင်းန့ံနံနေရင် အနံ့ပျောက်အောင်လုပ်လို့ရမှာပါ။
ပထမဆုံးနည်းလမ်းကတော့ လက်ကောက်ဝတ်ကို လျှာနဲ့တို့ကြည့်ပြီး ၁၀ စက္ကန့်လောက်ကြာရင် အနံ့ရှူကြည့်ပါ။ နံတယ်ဆိုရင်တော့ ခံတွင်းအနံ့ နံနေလို့ပါ။ ဘာအနံ့မှမရရင်တော့ ခံတွင်းအန့ံလည်း မနံပါဘူး။
ဒုတိယနည်းလမ်းကတော့ လက်ညှိုးနဲ့ လျှာကိုတို့ကြည့်ပြီး အနံ့ရှူကြည့်ပါ။ ခုနကလိုပဲ နံတယ်ဆိုရင်တော့ ခံတွင်းအနံ့ကိုက နံနေလို့ပါ။ ဘာအနံ့မှမရရင်တော့ ခံတွင်းအန့ံလည်း မနံပါဘူး။
တတိယနည်းလမ်းကတော့ ဖန်ခွက်ကို ပုံမှာပြထားတဲ့အနေအထားလောက်ကနေ ပါးစပ်ဟပြီး အသက်ရှူထုတ်ကြည့်လိုက်ပါ။ ဖန်ခွက်ထဲကိုနမ်းကြည့်လို့ အနံ့နံနေရင်တော့ ခံတွင်းအနံ့လည်း နံနေလို့ပါ။ ဘာအနံ့မှမရရင်တော့ ခံတွင်းအန့ံလည်း မနံပါဘူး။
နောက်ထပ်နည်းလမ်းကတော့ ပီကေအဖြူကို လျှာမှာပွတ်ကြည့်လိုက်ပါ။ ပီကေက အရောင်ဝါသွားတယ်ဆိုရင်တော့ ခံတွင်းအနံ့ နံနေလို့ပါ။ မဝါရင်တော့ မနံလို့ပါပဲ။
နောက်ဆုံးနည်းလမ်းကတော့ ဇွန်းနဲ့ လျှာကိုခြစ်ကြည့်လိုက်ပါ။ ဇွန်းမျက်နှာပြင်က ခြောက်သွားပြီဆိုရင် အနံ့ရှူကြည့်ပါ။ တကယ်လို့ ဇွန်းမှာ ခံတွင်းအန့ံဆိုးရတယ်ဆိုရင် ကိုယ့်ခံတွင်းအနံ့ကိုက နံနေလို့ပါ။ ဘာအနံ့မှာမရရင်တော့ ခံတွင်းအနံ့လည်း မနံပါဘူး။
Source:www.brightside.me