မျက်ရစ်မရှိရင်မလှဘူးလို့မထင်ပါနဲ့။ မျက်ရစ်မရှိလည်း မိတ်ကပ်လေးပြင်ပြီး လှလှပပနေရင် ချစ်ဖို့ကောင်းပြီး လှနေမှာပါ။ အထူးသဖြင့် မျက်ရစ်မရှိတဲ့ကောင်မလေးတွေက ကိုရီးယား Makeup Look လေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ဒါကြောင့် အခုဖော်ပြပေးလိုက်တဲ့ ကိုရီးယား Makeup Look တွေကို Try ကြည့်သင့်ပါတယ်။ အရမ်း Heavy မဖြစ်တဲ့ Makeup Look တွေဖြစ်တာကြောင့် မိန်းကလေးတိုင်း သဘောကျနှစ်သက်မှာ သေချာပါတယ်။

ပထမဆုံး Makeup Look ဆိုရင် မျက်လုံးကို Peach Color လေးခြယ်ပြီး မျက်တောင်လေးကော့ထားတယ်။ Eyeliner ကိုလည်း ထောင့်စွန်းကနေပဲ ပါးပါးရှည်ရှည်လေးဆွဲထားပါတယ်။ ပါးနီကိုလည်း Peach Color ခြယ်ပြီး နှုတ်ခမ်းနီအရောင်တောက်တောက်လေး ဆိုးထားတာကြောင့် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

ဒီ Makeup Look ကျတော့ အရမ်းတောက်တာမျိုးမကြိုက်တဲ့ ကောင်မလေးတွေအတွက် မျက်လုံးကို အရောင်ဖျော့ဖျော့လေးပဲ ခြယ်ထားပြီး မျက်လုံးအောက်ကို Glitter အဖြူလေးတွေ ခြယ်ထားပါတယ်။ ဒီလိုခြယ်တာက မျက်လုံးပိုကြီးသလို ဖြစ်စေပါတယ်။ မျက်တောင်ကော့ပြီး Eyeliner ကို ခုနကလိုပဲ ထောင့်စွန်းလေးကနေ ပါးပါးရှည်ရှည်လေးဆွဲထားပါတယ်။ ပါးနီကိုလည်း မျက်လုံးခြယ်တဲ့အရောင်အတိုင်းပဲ သုံးထားပါတယ်။ တကယ်ကိုဖျော့ဖျော့လေးပါ။ နှုတ်ခမ်းနီကိုတော့ ပန်းရောင်ဖျော့ဖျော့လေး ဆိုးထားပါတယ်။

Eyeliner ဆိုးရတာမကြိုက်တဲ့ ကောင်မလေးတွေဆိုရင်တော့ မျက်လုံးကို အရောင်ဖျော့ဖျော့လေးခြယ်ပြီး ပါးနီကိုလည်း အဲ့အရောင်ပဲသုံးပါ။ ပြီးရင် Highlighter သုံးပေးပါ။ မျက်တောင်ကို အပေါ်အောက် ကော့ပေးပါ။ ပြီးရင် နှုတ်ခမ်းနီကို Lip Gloss အရောင်ဖျော့တာလေးဆိုးပေးပါ။ ဒါဆိုရင်တော့ Natural ဆန်တဲ့ Glow Makeup Look လေးဖြစ်နေမှာပါ။

ဆွဲဆောင်မှုရှိတဲ့ Makeup Look လေးပြင်ချင်ရင်တော့ မျက်ခုံးမွှေးကို နည်းနည်းရှည်ရှည်လေးဆွဲပြီး မျက်ကပ်မှန်တပ်ပါ။ Eyeshadow ကိုတော့ ပန်းရောင်ဘက်သွားတာလေး ခြယ်ပေးပြီး ပါးနီကိုလည်း အဲ့အရောင်ပဲခြယ်ပါ။ မျက်ရစ်မရှိလည်း မျက်လုံးကြီးသလိုလေးဖြစ်အောင် မျက်တောင်ကို အပေါ်အောက် ကော့ပေးရပါမယ်။ Eyeliner ကို ပါးပါးရှည်ရှည်လေးဆွဲပေးပါ။ နှုတ်ခမ်းနီကိုတော့ ပန်းရောင် (သို့) အညိုဖောက်တာလေး ဆိုးပေးပါ။

မျက်လုံးကို Glitter Eyeshadow Peach Color လေးခြယ်ပေးပြီး မျက်တောင်ကော့ပါ။ Eyeliner ကို ပါးပါးလေးတစ်ကြောင်းဆွဲပေးပါ။ ဘေးထောင့်စွန်းကိုထွက်တဲ့အထိ မဆွဲပါနဲ့ ပါးနီကိုလည်း Eyeshadow အရောင်ပဲခြယ်ပေးပါ။ နှုတ်ခမ်းနီကိုတော့ လိမ္မော်ဖောက်တဲ့ကာလာ (သို့) မိတ်ကပ်ရောင်လေးဆိုးပေးပါ။ ဒီ Makeup Look ဆိုရင် အရမ်းကို ကိုရီးယားဆန်ပြီး လှပတဲ့ Makeup Look လေးပါ။

အရောင်နည်းနည်းတောက်ပြီး လူငယ်ဆန်တဲ့ Makeup Look မျိုးပြင်ချင်ရင်တော့ ပန်းရောင် (သို့) ခရမ်းရောင် Eyeshadow ကို များများလေးခြယ်ပေးပါ။ မျက်တောင်ကော့ပြီး မျက်ခွံအပေါ်နားနဲ့ မျက်ခမ်းစပ်နားကို အမဲနည်းနည်းခြယ်ပါ။ ပါးနီကိုလည်း များများလေးသုံးပေးပါ။ ဒါမှအရောင်ထွက်နေမှာပါ။ နှုတ်ခမ်းနီကို အရောင်တောက်တဲ့ Lip Gloss လေးဆိုးပေးမယ်ဆိုရင်တော့ ပိုလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။

အညိုကြိုက်တဲ့သူတွေအတွက်ကတော့ မျက်ခုံးကို အညိုရောင်နဲ့ဆွဲပါ။ မျက်လုံးကိုလည်း အညိုရောင် Eyeshadow ခြယ်ပေးပါ။ Eyeliner ကိုလည်း ထောင့်စွန်းကနေဆွဲပေးပါ။ မျက်တောင်ကိုတော့ ထူထူလေးဖြစ်အောင် Mascara များများသုံးပြီးကော့ပေးပါ။ ပါးနီကိုလည်း အညိုဘက်သွားတဲ့ အရောင်ဖျော့တာလေး ခြယ်ပေးပါ။ နှုတ်ခမ်းနီကို အညိုဘက်သွားတဲ့အရောင်လေးပဲ ဆိုးပေးပါ။ ဒီ Makeup Look ကျတော့ မျက်ရစ်မရှိတဲ့သူနဲ့လည်းလိုက်သလို၊ အထူးသဖြင့် အသားဖြူတဲ့သူတွေနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။