မိန်းကလေးတိုင်းအတွက် ခေါင်းအစခြေအဆုံး အသုံးဝင်စေမယ့် အလှအပဆိုင်ရာ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲမှာ အကုန်လုံးက အသုံးဝင်စေမယ့် နည်းလမ်းတွေချည်းပဲဖြစ်တာကြောင့် မိန်းကလေးတွေအတွက် အကျိုးရှိစေမှာပါ။

ဆံသားကောင်းမွန်စေဖို့

ကောက်ထားတဲ့ဆံသားပဲဖြစ်ဖြစ်၊ ပျက်စီးနေတဲ့ဆံသားပဲဖြစ်ဖြစ် ပြန်လည်ကောင်းမွန်လာစေဖို့ ထောပတ်သီးနဲ့ ဒိန်ချဉ် (သို့) Mayonnaise ကို ရောမွှေပြီး ဆံပင်ပေါင်းတင်ပေးရပါမယ်။ ၄၅ မိနစ်ပေါင်းထားပြီးရင် ခေါင်းလျှော်လို့ရပါပြီ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ် လုပ်ပေးရပါမယ်။

မျက်အိတ်ဖောင်းတာသက်သာစေဖို့

မျက်အိတ်ဖောင်းတာနဲ့ မျက်ကွင်းညိုတာအတွက် tea bags၊ သခွားသီး၊ အာလူး စတာတွေနဲ့ သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဇွန်းနဲ့လုပ်တာကျတော့ ပါဝင်ပစ္စည်း ထွေထွေထူးထူး ရှာနေစရာမလိုတော့ဘူးပေါ့။ လုပ်ရမယ့်ပုံစံကလည်း ဇွန်းကို အေးအောင် ရေခဲကပ်တာဖြစ်ဖြစ်၊ ရေခဲသေတ္တာထဲထည့်ထားတာဖြစ်ဖြစ်လုပ်ပြီး အေးသွားတာနဲ့ မျက်ကွင်းညိုတဲ့နေရာ၊ မျက်အိတ်ဖောင်းတဲ့နေရာမှာ ကပ်ထားပေးရုံပါပဲ။

သွားဖြူစေဖို့

သန့်စင်ပြီးသား အသင့်သုံးလို့ရတဲ့ Activated charcoal နဲ့ သွားတိုက်ပေးခြင်းက သွားတွေဖြူလာစေဖို့ အရမ်းအထောက်အကူဖြစ်စေပါတယ်။ သွားမတိုက်ချင်လည်း သွားမှာ ပွတ်ပြီး ၃ မိနစ်ထားထားလိုက်ပါ။ ပြီးမှ ပလုတ်ကျင်းလိုက်ပါ။

အကြောပြတ်ရာတွေလျော့နည်းသွားစေဖို့

အကြောပြတ်ရာတွေက ချက်ချင်းပျောက်တာမျိုးမဖြစ်နိုင်ပေမယ့် တဖြေးဖြေးချင်းစီတော့ လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက အသုံးဝင်စေမှာပါ။ လုပ်ရမယ့်ပုံစံကတော့ လွယ်ပါတယ်။ အာလူးကို အရည်ရအောင်ညှစ်ချပြီး အကြောပြတ်တဲ့နေရာမှာ လိမ်းပေးဖို့ပါပဲ။ ဒါမှမဟုတ် အာလူးကိုလှီးပြီး အကြောပြတ်တဲ့နေရာမှာ ကြာကြာလေးပွတ်ပေးပြီး ခြောက်သွားရင် ရေဆေးချလိုက်ပါ။

ခြေထောက်အသားမာတက်တာပျောက်စေဖို့

ခြေထောက်မှာ အသားမာတက်နေရင် Aspirin ၄ ပြားကို အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး ရေ အနည်းငယ်၊ သံပယိုရည် အနည်းငယ်တို့နဲ့ ရောမွှေပြီး အသားမာတက်တဲ့နေရာကို ပွတ်လိမ်းထားလိုက်ပါ။ မိနစ် ၂၀ ထားပြီး အချိန်ပြည့်ရင် Towel နဲ့သုတ်ပြီး ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် လုပ်ပေးရပါမယ်။

Source: www.brightside.me