သင်က မျက်ခုံးဆွဲတဲ့နေရာမှာ အခက်အခဲ ကြုံနေရတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ မျက်ခုံးဆွဲဖို့အတွက် ဘယ်လို မျက်ခုံးခြယ်တဲ့ပစ္စည်းကို သုံးမလဲ အရင် စဉ်းစားရပါမယ်။ Eyebrow Pencil, Eyebrow Gel, Eyebrow Powder စတဲ့ ပစ္စည်းတွေထဲက ရွေးပေးရပါမယ်။ Eyebrow Pencil ကတော့ အခုမှ စဆွဲမယ့် ပျိုမေတို့အတွက် သုံးရလွယ်ကူစေမှာပါ။
ရွေးပြီးပြီဆိုရင်တော့ ဘယ်လိုပုံစံ ဆွဲချင်တာလဲ အရင်စဉ်းစားရပါမယ်။ ဒါကတော့ ကိုယ်ဆွဲနိုင်တဲ့ မျက်ခုံး ပုံစံတွေပါ။
ကိုယ်ကြိုက်တဲ့ မျက်ခုံး ပုံစံ ရွေးချယ်ပြီးနောက်မှာတော့ ကိုယ့်မျက်နှာ ပုံစံအလိုက် လိုက်ဖက်တဲ့ မျက်ခုံးပုံစံကို ရွေးရပါမယ်။ ဒါကတော့ မျက်နှာ ပုံစံအလိုက် လိုက်ဖက်မယ့် နမူနာ မျက်ခုံးပုံစံတွေပါ။
Photo Source: s.h.a.p.e.s.-Brow-Bar.
မျက်ခုံးဆွဲတဲ့နေရာမှာ သတိထားရမယ့် နောက်တစ်ချက်က ရှေ့ဘက်ကို ထင်းနေအောင် မဆိုးသင့်ပါဘူး။ ဒါကတော့ အမှန်နဲ့ အမှားကို ယှဉ်ပြထားတာပါ။
မျက်ခုံးဆွဲတဲ့အချိန် မျက်ခုံးရိတ်ထားရင်တော့ ပိုဆွဲရကောင်းပြီး ပိုပုံကျနေမှာပါ။ ဒီတော့ မျက်ခုံးဆွဲနည်းပုံစံတွေကို ကြည့်လိုက်ရအောင်နော်-
Photo Source: Pinterest
By MyStyle Myanmar