ဓာတ်ပုံရိုက်တဲ့အခါမှာ ထိုင်ပြီးရိုက်ရင် ဘယ်လိုပို့စ်ပေးရမလဲမသိတဲ့ ကောင်မလေးတွေနဲ့ ကိုရီးယားဆန်ဆန်လေးရိုက်ချင်တဲ့ ကောင်မလေးတွေအတွက် ထိုင်ပြီးဓာတ်ပုံရိုက်တဲ့အခါ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကော်ဖီဆိုင်လေးတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ကိုရီးယားဆန်ဆန် ဒီလိုလေးရိုက်ကြည့်ပါ။ ဒါမျိုးရိုက်တဲ့သူလည်း သိပ်မရှိသေးဘူးနော်။

အခုက Campaign တွေ အရမ်းထွက်နေကြတာဆိုတော့ ဒါမျိုးလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ အရမ်းကိုလွယ်ကူတဲ့ ပို့စ်ပေးနည်းဖြစ်တာကြောင့် လူတိုင်းလုပ်တတ်မှာပါ။

Mirror Selfie ရိုက်တဲ့အခါမှာလည်း ထိုင်ပြီးရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးပြီးရိုက်တာက ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ထိုင်ခုံတွေမှာထိုင်ပြီး သေချာပို့စ်ပေးပြီး ရိုက်ချင်တယ်ဆိုရင်တော့ ဒီလိုပို့စ်ပေးကြည့်ပါ။ ပုံထွက်အရမ်းကောင်းစေမယ့် ပို့စ်ပေးနည်းပါပဲ။

နောက်ထပ်ကိုရီးယားဆန်ဆန်လေး ရိုက်ချင်ရင်တော့ ဒီလိုလေး Camera နဲ့ ပို့စ်ပေးကြည့်ပါ။ မျက်နှာမပါတာတောင် ချစ်ဖို့ကောင်းစေပါတယ်။

ဘောင်းဘီရှည်လေးဝတ်ပြီး ထိုင်ခုံမှာထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

အိမ်မှာပဲဖြစ်ဖြစ်၊ သီးသန့်ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကြမ်းပြင်မှာထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

ခပ်မိုက်မိုက်ပုံစံလေးလည်းဖြစ်ချင်တယ်၊ ချစ်ဖို့လည်းကောင်းချင်တယ်၊ ကိုရီးယားဆန်ဆန်လေးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ ဒီလိုပုံစံလေး ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ Filter လေးပါ အမှောင်ဘက်သွားတာလေးလုပ်မှ ပိုပြီးလှမှာပါ။

photo source: www.pinterest.com