မိန်းကလေးတွေရဲ့သဘာဝဟာ ခေါင်းအစခြေအဆုံး Cosmetic ဝယ်ရုံနဲ့တင်မလုံလောက်ပါဘူး။ DIY နည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ Treatment တွေကိုယ်တိုင်လုပ်ရတာကိုလည်း ကြိုက်နှစ်သက်ကြပါ။ အနည်းဆုံးပျင်းပြီး နေ့တိုင်းမလုပ်နိုင်တာတောင်မှ တခါတလေတော့လုပ်ဖူးကြမှာပါ။

မျက်နှာဆိုလည်း မျက်နှာအလျောက် ရှားစောင်းတို့ သံပုရာသီးတို့ ပျားရည်တို့ ထောပတ်သီးတို့ ဒိန်ချည်တို့အစရှိသဖြင့် အိမ်အသုံးအဆောင်တွေကို အရင်းပြုပြီး ပြုလုပ်တတ်ကြပါတယ်။

အခုအခါမှာတော့ ပျိုမေတို့ဆံကေသာအတွက် အသုံးဝင်မယ့် DIY Healthy Hair Recipes ကို ဝေမျှပေးချင်ပါတယ်။ နဂိုလုပ်နေကြ ကြက်ဥတို့ သံလွင်ဆီတို့နဲမဟုတ်ပဲ။ ထူးဆန်းစေမယ့် နည်းလမ်းသစ်ကိုဖော်ပြပေးသွားမှာပါ။

အလှပြင်ဆိုင်တွေမှာလို ဈေးကြီးပေးစရာမလိုပဲ ထိရောက်စေမယ့် နည်းလမ်းဖြစ်လို့ မပျင်းမရိပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆို ထူးခြားတဲ့ရလဒ်ကို ကိုယ်တွေ့ခံစားနိုင်မှာပါ။

နှစ်ခွ သုံးခွဖြစ်တတ်တဲ့ ဆံပင်တွေကို ဘယ်လိုကိုင်တွယ်မလဲ။ တစ်ချို့ကတော့ ဆံပင်နှစ်ခွဖြစ်ရင် ညှပ်ချပစ်လိုက်တာများပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဆံပင်အတွက် ကျန်းမာစေမယ့် ကုထုံးပါ။ ဒီလိုဆိုရင်တော့ ဆံပင်တွေညှပ်ပစ်စရာမလိုတော့ဘူးပေါ့။ သဘာဝအတိုင်း အိမ်တွင်းပစ္စည်းတွေနဲ့ ဘယ်လိုပေါင်းတင်ကြမလဲဆိုတော့ သဘော်သီးကအဓိကပဲဖြစ်ပါတယ်။ သဘော်သီးဟာ ဆံကေသာအတွက်တင်မဟုတ်ပါဘူး။ မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုတတ်ကြပါတယ်။

ဒီလို အသုံးဝင်လှတဲ့ သဘော်သီးကို ဒိန်ချဉ်နဲ့ရောပြီး ဆံပင်ကို သုတ်လိမ်းရမှာပဲဖြစ်ပါတယ်။ မိမိဆံပင် အတိုအရှည်ပေါ်မူတည်ပြီး လိုအပ်တဲ့ပမာဏအတိုင်း သဘော်သီးကို အရင်ချေလိုက်ပါ။ နောက်ပြီး ဒိန်ချဉ်နဲ့ရောကာ မွေလိုက်ပါ။ ပျစ်နေအောင်မွေပြီး သကာလ နှစ်ခွ သုံးခွဖြစ်တဲ့နေရာတွေကို သုတ်လိမ်းပြီး ၄၅ မိနစ်ကြာကြာလောက်ထားလိုက်ပါ။ ပြီးနောက်ရေဆေးချလိုက်ပါ။ ဆံပင်မှာ သဘော်သီးနံ့လေးမွှေးနေမှာ ဖြစ်ပါတယ်။

Source: AllWomenStalk