လက်သည်းပုံဖော်ချင်တဲ့ပျိုမေတို့အတွက် ဒီတစ်ခါမှာတော့ ပုံစံဆန်းဆန်းလေးနဲ့လှပတဲ့ လက်သည်းနီဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီဇိုင်းလေးတွေအားလုံးက ရှုပ်ရှုပ်ကြီးတွေမဟုတ်ပဲ လှပတဲ့ဒီဇိုင်းလေးတွေ၊ ရိုးရှင်းပြီးဆန်းတဲ့ ဒီဇိုင်းလေးတွေ ဖြစ်တာကြောင့် ကိုယ့်လက်သည်းပုံစံနဲ့လိုက်မယ့် လက်သည်းဒီဇိုင်းကို ရွေးချယ်လိုက်ရုံပါပဲ။

လက်သည်းနီကို အနက်ရောင်ဆိုးချင်ရင်တော့ အဖြူနဲ့အနက်ကိုတွဲပြီး ဒီလိုလေးပုံဖော်ကြည့်ပါ။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအချွန်လေးတွေနဲ့ ပိုပြီးတော့ လိုက်ဖက်သလို၊ ပိုပြီးတော့လည်း လှပါတယ်။

ပန်းရောင်ကြိုက်ရင်တော့ မိန်းကလေးဆန်ဆန် ပန်းပုံလေးနဲ့ ဒီလိုမျိုး ပုံဖော်ကြည့်ပါ။ ပန်းပုံကျတော့ လက် ၁၀ ချောင်းလုံးကို ပုံဖော်တာထက်စာရင် ၂ ချောင်း၊ ၃ ချောင်းလောက်ပဲ ပုံဖော်တာက ပိုပြီးရိုးရိုးရှင်းရှင်းလေးနဲ့ လှပါတယ်။ ဒီလက်သည်းဒီဇိုင်းဆိုရင်လည်း လက်သည်းအချွန်လေးတွေ၊ လက်သည်းအဝိုင်းလေးတွေနဲ့ ပိုပြီးလိုက်ပါတယ်။

အရောင်ဆန်းတာလေးတွေ၊ ဒီဇိုင်းဆန်းတာလေးတွေကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်လေးကိုသာ ရွေးချယ်ပါ။ ဒီလက်သည်းဒီဇိုင်းဆိုရင်တော့ လေးထာင့်လက်သည်းလေးတွေနဲ့မှ ပိုပြီးလိုက်ဖက်ပါတယ်။

အရမ်းကိုရိုးရှင်းပြီး သူများတွေသိပ်မလုပ်သေးတဲ့ ဒီဇိုင်းမျိုးလေး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းကို ရွေးချယ်သင့်ပါတယ်။ ဒီလက်သည်းဒီဇိုင်းကျတော့ လေးထောင့်လက်သည်းလေးတွေ၊ လက်သည်းရှည်မထားတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

အစိမ်းရောင်ကြိုက်တဲ့သူဆိုရင်တော့ ဒီလက်သည်းဒီဇိုင်း ၂ မျိုးလုံးကို ရွေးချယ်နိုင်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးတွေကျတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့အတွက် ဘယ်လိုလက်သည်းပုံနဲ့မဆို လိုက်ဖက်ပါတယ်။

အဝါရောင်ကြိုက်တဲ့သူတွေဆိုရင်တော့ အဝါနဲ့အနက်ကို တွဲပြီးသာ ပုံဖော်ပေးပါ။ အဝါနဲ့အနက်က တကယ့်ကိုဖက်ရှင်ကာလာလေးဖြစ်တာကြောင့် အရမ်းလှပါတယ်။ ဒါ့အပြင် အခုဖော်ပြထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကလည်း ဘယ်လိုလက်သည်းပုံစံနဲ့မဆို လိုက်ဖက်ပါတယ်။

photo source: www.freepik.com