ဆံပင်အရှည်ထားတယ်ဆိုတာ စိတ်ရှည်လက်ရှည်နဲ့အချိန်ပေးရပါတယ်။ ဆံပင်အတိုထက်စာရင် အရှည်က အခုခေတ် ပုရိသလူငယ်တွေအကြားမှာ အတော်လေး ခေတ်စားကြတာ ဖြစ်လို့ အများနည်းတူ ဆံပင်အရှည်ထားဖို့ စဉ်းစားထားရင် ဆံပင်အမြန်ရှည်စေဖို့ အခုပြောမယ့်အချက်တွေ နေ့တိုင်း လုပ်ပေးဖို့လိုပါလိမ့်မယ်။
(၁) ခဏခဏ ခေါင်းမလျှော်ပါနဲ့
Photo: Balding Beards
ခေါင်းကို ခဏခဏ လျှော်တာဟာ ဆံပင်သန်စွမ်းစေတဲ့ သဘာဝအဆီတွေ ပျက်စီးစေပြီး ဆံပင်ပိုကျွတ်စေနိုင်ပါတယ်။ ခေါင်းလျှော်ရင်လည်း Shampoo နဲ့ စာရင် Conditioner ကို ပိုသုံးသင့်ပါတယ်။ Conditioner ဟာ ဆံပင်ကျွတ်တာကို ထိန်းချုပ်ပေးတာကြောင့် ဆံပင်ပိုသန်လာစေပါတယ်။
(၂) ပရိုတိန်းများ စားပေးပါ
Photo: The Active Times
ဆံပင်အရှည်မြန်စေဖို့အတွက် မှန်ကန်တဲ့ စားသောက်နည်းလည်း လိုပါတယ်။ မနက်စာမှာ ကြက်ဥနဲ့ ကြက်သားလိုမျိုး အသားဓါတ်ထည့်စားပေးခြင်းဟာ ဆံသား ကြီးထွားမှုကို အားပေးပါတယ်။ တကယ်လို့ သားသတ်လွတ်သမားဆိုရင် ပန်းပွင့်စိမ်းလိုမျိုး ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အသီးအရွက်တွေ စားပေးခြင်းအားဖြင့် ဆံပင်သန်စွမ်းမှုကို အကျိုးပြုပါလိမ့်မယ်။
တစ်နေ့တာ အာဟာရထဲမှာ လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ ပြည့်ဝနေပါစေ။ ငါးကြီးဆီတို့လို ဖြည့်စွက်အဟာရတွေ မှီဝဲတာမျိုးကလည်း ဆံပင်အတွက် ကောင်းပါတယ်။
(၃) ဦးရေပြား နှိပ်ပေးပါ
Photo: alfaboyz
တစ်ပတ်ကို တစ်ကြိမ်ဖြစ်ဖြစ် ဦးရေပြားကို နှိပ်နယ်ပေးတာ လုပ်သင့်ပါတယ်။ နွေးထွေးတဲ့ အုန်းဆီ (သို့မဟုတ်) သံလွင်ဆီနဲ့ ဆံပင်ကို ဖွဖွငြင်သာ နှိပ်ပေးတာဟာ ဆံပင်ပိုသန်စေသလို ဆံပင်ကျွတ်တာ ၊ ဗောက်ထတာတွေ သက်သာစေပါတယ်။
(၄) ခေါင်းဖြီးရမယ့် အချိန် သိပါစေ
Photo: Tiege Hanley
ခေါင်းရေစိုနေချိန်မှာ ဆံပင်ဖြီးတာဟာ ဆံပင်ကျွတ်ဖို့ အားပေးပါတယ်။ ဆံပင်ကောက်တဲ့သူဆိုရင် ခေါင်းဖြီးတဲ့ အကြိမ်ရေပါ လျှော့သင့်သလို ဖြီးတဲ့အခါမှာလည်း ငြင်ငြင်သာသာနဲ့ ဖွဖွပဲ ဖြီးသင့်ပါတယ်။
နောက်ထပ် သိသင့်တာက ညတိုင်း ကိုယ် သုံးနေတဲ့ ခေါင်းအုံးကို ဖြစ်နိုင်ရင် ပိုးသားခေါင်းအုံးမျိုး ရွေးသုံးသင့်ပါတယ်။ ပိုးသားခေါင်းအုံးဟာ ဆံပင်ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။