တချို့တွေဆိုရင် ညအိပ်ခါနီးမှာ ရေချိုးကြတာမျိုး ရှိပါတယ်။ ကိုယ်လက်အဆစ်အမြစ်ကိုက်ခဲတတ်တဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ အအေးဒဏ်ခံလို့မရတဲ့သူတွေကလွဲလို့ ကျန်တဲ့သူတွေကတော့ ညဘက်မှာ ရေချိုးပေးလို့ ရပါတယ်။
ဒီလိုညအိပ်ခါနီး ညဘက်မှာ ရေချိုးပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေ ရှိပါတယ်။
ပိုပြီးအိပ်လို့ကောင်းစေတယ်
ညအိပ်ခါနီး ၁ နာရီ (သို့) ၂ နာရီအလိုလောက်မှာ ရေချိုးပေးရင် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
ကိုယ်ရောစိတ်ပါလန်းဆန်းစေတယ်
ညဘက်မှ၊ ညအိပ်ခါနီးမှ ရေချိုးပေးခြင်းက တစ်နေကုန်ညစ်နွမ်းနေတဲ့စိတ်ကို လန်းဆန်းစေတယ်။ ထိုင်းမှိုင်းပြီး နုံးချိနေတာတွေလည်း ပျောက်ကင်းပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေပါတယ်။
အသားအရေပိုကောင်းစေတယ်
ညအိပ်ခါနီးမှရေချိုးပြီး Body Lotion သေချာလိမ်း၊ မျက်နှာကိုလည်း Skincare သေချာလိမ်းပေးရင် အသားအရေလည်း ပိုကောင်းလာစေပါတယ်။ ရေချိုးပြီးလန်းဆန်းသွားတဲ့အချိန် ဒီလိုမျိုးတွေလိမ်းလိုက်တော့ ခန္ဓာကိုယ်က မွှေးသွားတဲ့အတွက် စိတ်ပျော်ရွှင်စေတယ်၊ စိတ်ကြည်လင်စေပါတယ်။
အိပ်ယာသန့်ရှင်းစေတယ်
ရေမချိုးပဲ ချွေးတွေနဲ့ အိပ်လိုက်မယ်ဆိုရင် အိပ်ယာမှာ ချွေးတွေကပ်သွားတဲ့အတွက် အိပ်ယာညစ်ပတ်စေပါတယ်။ နံစေပါတယ်။ ဒါကြောင့် အိပ်ယာကို သေချာသပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းလေးထားပြီး ရေချိုးပြီးမှ အိပ်မယ်ဆိုရင်တော့ ပိုပြီးတော့ အိပ်ကောင်းစေပါတယ်။
မနက်အိပ်ယာနိုးရင်လန်းဆန်းစေတယ်
ညအိပ်ခါနီးမှ ရေချိုးပြီးအိပ်မယ်ဆိုရင်တော့ ညဘက်တင်မဟုတ်ပဲ မနက်အိပ်ယာနိုးရင်လည်း ကိုယ်ရောစိတ်ပါ လန်းဆန်းစေပါတယ်။
Source:www.treehugger.com