သင်က အသားညိုတာကို သဘောမကျဘူးဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ မျက်နှာအသားဖြူအောင် ပြုလုပ်ရာမှာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် သတိထားသင့်ပါတယ်။ အသားဖြူ Cosmetics သုံးရင်တောင် ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးသင့်ပါတယ်။
အလှကုန် Skin Care မှားသုံးမိတာနဲ့ ကိုယ့်အသားအရေက ပိုဆိုးသွားစေနိုင်ပါတယ်။ မျက်နှာက တခြားနေရာတွေထက် ပိုအရေးကြီးတာမို့ သတိထားသင့်ပါတယ်။ ဒီတစ်ခေါက် ပြောပြမယ့် နည်းလမ်းကတော့ ကိုယ့်အိမ်တွင်းရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အသားပိုလင်းလာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ ပစ္စည်းကတော့ သုံးမျိုးပါ။
၁။ Green Tea
Green Tea က နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်းကို သက်သာစေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း လျော့ကျစေပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။
၂။ ပျားရည်တစ်ဇွန်း
ပျားရည်က အသားအရေ အစိုဓာတ်ပေးပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယား သေစေနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။
ဒီနှစ်မျိုးကို ခွက်တစ်ခွက်ထဲ ထည့်ပြီး မွှေပေးရပါမယ်။ ပြီးနောက် နှင်းဆီရည် Rose Water တစ်ဇွန်း ထည့်ပေးရပါမယ်။
Rose Water က ချွေးပေါက်ပိတ်ခြင်းကို သက်သာစေပါတယ်။ အယောင်အယမ်းကျစေပြီး အသားအရေ pH Level ကို ထိန်းညှိပေးပါတယ်။
ပါဝင်ပစ္စည်း သုံးမျိုးကို ရောမွှေပြီးနောက် မျက်နှာပေါ် လိမ်းပေးရပါမယ်။
လိမ်းပြီးနောက် နာရီဝက်ထားပေးရပါမယ်။ နာရီဝက် ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချပေးရပါမယ်။ ဒါမှမဟုတ် ရေနွေးစိမ်ထားတဲ့ သဘတ်နဲ့ သုတ်ပေးရပါမယ်။
Photo Source: Pinterest
By MyStyle Myanmar