ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ဂါဝန်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ လှနေစေမယ့်၊ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ တော်တော်များများက ဓာတ်ပုံရိုက်ပြီဆိုရင် လက်ကိုဘယ်နားထားရမလဲ၊ ဂါဝန်နဲ့ဆိုရင် ခြေထောက်အနေအထား ဘယ်လိုထားရမလဲ၊ ဘယ်လိုပို့စ်မျိုးပေးရမလဲဆိုတာကို တော်တော်စဉ်းစားရပါတယ်။ ဒီလိုပို့စ်ပေးတဲ့ပုံလေးတွေကိုကြည့်ထားတော့ ကိုယ်ဓာတ်ပုံရိုက်တဲ့အခါမှာ ဒီပုံတွေကိုကြည့်ပြီး လိုက်လုပ်လို့ အဆင်ပြေသွားတာပေါ့။

ပို့စ်ပေးဖို့ စဉ်းစားရခက်နေရင် ထိုင်တန်းလေးမှာ ခြေထောက်ချိတ်ထိုင်ပြီး တစ်ဖက်ကို ငေးနေတဲ့ပုံလေးသာ ရိုက်ကြည့်ပါ။

ပန်းခင်း (သို့) မြက်ခင်းပြင်ပေါ်မှာ ဂါဝန်တိုလေးနဲ့ ထိုင်ရိုက်မယ်ဆိုရင်တော့ ခြေထောက်လေးကို လျှောဆင်းထားပြီး လက်လေးထောက်ပြီး ရိုက်ကြည့်ပါ။

ဆိုင်တွေမှာထိုင်ရိုက်မယ်ဆိုရင်တော့ လုံးဝကိုလှပပြီး ခြေထောက်အနေအထား၊ ခန္ဓာကိုယ်၊ လက်အနေအထားကို ဒီလိုလေးပို့စ်ပေးကြည့်ပါ။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ထွေထွေထူးထူးပို့စ်မပေးတတ်တဲ့သူတွေဆိုရင် ဘေးတစ်စောင်းလေးရပ်၊ ခြေထောက်လေးတစ်ဖက်ရှေ့ထုတ်၊ လက်လေးနောက်ပစ်ပြီး ခေါင်းလေးသာငုံ့နေလိုက်ပါ။ မျက်နှာလေးတော့ နည်းနည်းပြုံးထားမှ ပိုချစ်ဖို့ကောင်းမှာနော်။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် နောက်ထပ်အလွယ်ကူဆုံးပို့စ်ပေးနည်းကတော့ ပိုက်ဆံအိတ်လေးလွယ်ပြီး အိတ်ကိုကိုင်ထားပါ။ ခြေထောက်လေးတစ်ဖက်ကို နောက်ပစ်ပြီး နည်းနည်းပင့်ထားပါ။ မျက်နှာလေးပြုံးထားရင်တော့ ပိုချစ်ဖို့ကောင်းသလို၊ ရီနေရင်တော့ ပိုပြီးသဘာဝဆန်ပါတယ်။

နောက်ထပ်အလွယ်ကူဆုံးနဲ့ မိန်းကလေးဆန်ဆန်လေး လှနေစေမယ့် ပို့စ်ပေးနည်းကတော့ တစ်ဖက်က ပိုက်ဆံအိတ်လေးကိုင်ပြီး ဆံပင်သပ်နေတဲ့ ပို့စ်ပါပဲ။

ကိုရီးယားဆန်ဆန် ချစ်စရာကောင်းတဲ့ ဂါဝန်လေးတွေဝတ်ရင်တော့ sneakers လေးတွေစီးပြီး ဒီလိုမျိုးလေး ထိုင်ရိုက်ကြည့်ပါ။

ဂါဝန်ရှည်နဲ့ပဲဖြစ်ဖြစ်၊ ဂါဝန်တိုနဲ့ပဲဖြစ်ဖြစ် ခုံမှာထိုင်ပြီး တစ်စောင်းအနေအထားနဲ့ရိုက်မယ်ဆိုရင်တော့ ခြေတံအလှလေးပေါ်အောင် ဒီလိုပို့စ်လေးပေးကြည့်ပါ။

photo source: www.pinterest.com