ဒေါသကြီးတဲ့သူတွေ၊ စိတ်ဆက်တတ်တဲ့သူတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ များနေတဲ့သူတွေအတွက် စိတ်ကိုတည်ငြိမ်အေးချမ်းစေမယ့် အလွယ်ကူဆုံးသော ယောဂကျင့်စဉ် ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ နေ့တိုင်း ညအိပ်ခါနီးမှာပဲဖြစ်ဖြစ်၊ မနက်အိပ်ယာနိုးနိုးချင်းမှာပဲဖြစ်ဖြစ်၊ မနက်စောစောပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ သိသိသာသာကို စိတ်တည်ငြိမ်လာမှာ သေချာပါတယ်။ သတိထားရမှာကတော့ ယောဂကျင့်မယ်ဆိုရင် ယောဂဖျာနဲ့ပဲလုပ်ရပါမယ်။

လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ယှက်ထားပြီး လက်မနှစ်ချောင်းကိုလည်း ယှက်ထားရပါမယ်။ လက်ကို အဲ့အတိုင်းလုပ်ထားပြီး မျက်စိကိုမှိတ်၊ ခန္ဓာကိုယ်ကိုမတ်ထားပြီး အသက်ကိုခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ အနည်ဆုံး ၁ မိနစ်လုပ်ပေးပါ။

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အနေအထားအတိုင်း လက်နှစ်ဖက်ကို အပေါ်ကိုဆန့်ထုတ်၊ ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ထားပြီး နောက်ခြေထောက်တစ်ဖက်ကို မြှောက်ပြီး ကွေးထားပေးပါ။ မျက်စိကိုမှိတ်ထားပြီး အသက်ကိုရှူသွင်းရှူထုတ် စက္ကန့် ၃၀ လုပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ဘယ်၊ ညာ တစ်လှည့်စီ ပြောင်းလုပ်ပေးပါ။

ယောဂဖျာပေါ်မှာ ခန္ဓာကိုယ်ကို ဘေးတစ်စောင်းနေပြီး ခြေထောက်နဲ့လက်ကို ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဦးခေါင်းကတော့ တည့်တည့်ထားရပါမယ်။ အဲ့အနေအထားနဲ့ ၅ မိနစ်နေပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ဘယ်၊ ညာ တစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ ၅ မိနစ်မနေနိုင်သေးရင် ၃ မိနစ်တော့ရအောင် နေပေးရပါမယ်။

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အနေအထားအတိုင်း ၅ မိနစ် (သို့) ၃ မိနစ်ရအောင်နေပြီး မျက်စိကိုမှိတ်ကာ အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ရအောင်ငုံ့ပေးပါ။ ငုံ့ပြီးရင် လက်နှစ်ဖက်ကိုလည်း ကွေးထားပြီး တစ်ဖက်နဲ့တစ်ဖက်ကို လက်ပိုက်ထားသလိုပုံစံမျိုး လုပ်ထားရပါမယ်။ အဲ့အနေအထားနဲ့ မျက်စိမှိတ်ပြီး အသက်ကိုရှူသွင်းရှူထုတ် ၁ မိနစ်ပြည့်အောင် လုပ်ပေးပါ။

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး လက်က ခြေဖဝါးကို ထိကိုင်ထားပေးပါ။ အဲ့အတိုင်း ၁ မိနစ်ပြည့်အောင်နေပြီးရင် နောက်ထပ် ၄ ကြိမ် ထပ်လုပ်ပေးပါ။

ခြေချောင်းတွေကို အပြင်ဘက်ကိုကားထုတ်ထားပြီး ခြေထောက်ကို ၄၅ ဒီဂရီကွေးထားပါ။ ခန္ဓာကိုယ်နဲ့ခါးကို မတ်မတ်ထားပါ။ လက်နှစ်ဖက်ကိုလည်း အပေါ်ကို ဆန့်တန်းထားရပါမယ်။ အဲ့အနေအထားအတိုင်း ၁ မိနစ်ပြည့်အောင်နေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

Source:www.brightside.me