ဆံပင်အတိုကိုမှ ဂုတ်အောက်တိုတိုလေးညှပ်ထားတဲ့ ကောင်မလေးတွေအတွက် သူများနဲ့မတူပဲ မိမိုက်နေမယ့် ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဆံပင်ပြင်ဆင်ပုံ ၁
အရင်ဆုံး ဆံပင်ကို ကုတ်ကုတ်လေးဖြစ်နေအောင် ဖြောင့်စက်နဲ့ပုံသွင်းပေးပါ။
အရှေ့ဆံပင်လေးတွေကိုချပြီး အပေါ်နားလောက်ကနေ တစ်ဝက်ယူစည်းပေးပါ။ ဆံပင်ကို မြင့်မြင့်လေးသာ စည်းပေးပါ။
ခေါင်းစည်းပုဝါလေးကို နားနောက်ကနေပတ်ပြီး ခေါင်းထိပ်မှာ ချည်ပေးပါ။
ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် Festival ပွဲတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။
ဆံပင်ပြင်ဆင်ပုံ ၂
ဆံပင်ကိုဘေးဘက်ထပ်လေးကနေ နည်းနည်းယူပြီး အနောက်ထိယူကာ ကျစ်ဆံမြီးကျစ်ပေးပါ။
နှစ်ဖက်လုံးကိုကျစ်ပြီးရင် ဆံထုံးသေးသေးလေး လိပ်ပြီးထုံးပေးပါ။
ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းပြီး မိမိုက်နေမှာပါ။ ဘယ်လိုပုံစံမျိုးနဲ့မဆိုလည်း လိုက်ဖက်ပါတယ်။
ဆံပင်ပြင်ဆင်ပုံ ၃
နားအရှေ့မှာ ဆံပင်နည်းနည်းချပြီး အနောက်ကဆံပင်တွေကို အောက်နားကနေ ကလစ်နဲ့ထိုးပေးပါ။
နားနောက်ကနေ ခေါင်းစည်းပုဝါလေးနဲ့ ပတ်ပြီး ခေါင်းထိပ်မှာ ချည်ပေးပါ။
ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် သူများနဲ့မတူပဲ မိမိုက်နေမှာပါ။ ဒါ့အပြင် Festival ပွဲတွေနဲ့လည်း လိုက်ဖက်ပါသေးတယ်။
ဆံပင်ပြင်ဆင်ပုံ ၄
နောက်ဆုံးဆံပင်ပြင်ဆင်ပုံကတော့ ကိုယ့်ဆံသားလေးတွေကို ဖြောင့်စက်နဲ့ပဲ နည်းနည်းချင်းစီယူပြီး လိပ်ပေးရမှာပါ။
ဒီလိုလိပ်တာမျိုးလေးကျတော့ စတိုင်လ်ကျပြီး မိမိုက်နေတာမျိုးဖြစ်တာကြောင့် ခပ်မိုက်မိုက်ဖက်ရှင်လေးတွေနဲ့ဆို အရမ်းကိုလိုက်ဖက်ပါတယ်။
Source: www.stellacini