မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် နည်းနည်းလောက်ဝတာနဲ့ မေးစိနှစ်ထပ်ဖြစ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီလိုမေးစိနှစ်ထပ်ဖြစ်နေတာကို မကြိုက်တဲ့သူတွေအတွက် မေးစိနှစ်ထပ်ဖြစ်နေတာကို ဖယ်ရှားပေးမယ့် အထိရောက်ဆုံးလေ့ကျင့်ခန်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီ ၈ မျိုးလုံးကို နေ့တိုင်း လုပ်ပေးမှသာ မေးစိနှစ်ထပ်ဖြစ်နေတာက ပျောက်မှာပါ။

ပထမပုံထဲကလိုစနေပြီး ပါးစပ်ကို ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း တစ်နေ့ကို ၈ ကြိမ် – ၁၀ ကြိမ် လုပ်ပေးရပါမယ်။

ပါးစပ်ကို ပထမပုံထဲကလိုလုပ်ပြီး ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ အဲ့အတိုင်း ၅ ကြိမ် – ၇ ကြိမ် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လျှာကို နှာခေါင်းနဲ့ထိနိုင်အောင် ဖြေးဖြေးချင်းစီ ကြိုးစားလုပ်ကြည့်ပါ။ လုပ်ရမယ့် အကြိမ်အရေအတွက်ကတော့ တစ်နေ့ကို ၅ ကြိမ်ပါ။

မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး ပထမပုံထဲကလို စနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ အဲ့အတိုင်း ၅ ကြိမ်လုပ်ပေးရပါမယ်။

ပထမပုံထဲကလို အပေါ်မော့ပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ပါးစပ်ကိုလုပ်ပါ။ ပါးစပ်ကိုဆူပြီး အဲ့လိုအနေအထားနဲ့ ၅ စက္ကန့် – ၈ စက္ကန့် နေပေးပါ။ ပြီးရင် ပထမအနေအထားနဲ့ ပြန်နေပါ။ အဲ့အတိုင်း ၅ ကြိမ် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး လက်ကို အဲ့အနေအထားနဲ့ မေးစိကနေ အပေါ်ကို ဆွဲတင်ပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၅ ကြိမ် – ၇ ကြိမ်ပါ။

ပုံမှာပြထားတဲ့အတိုင်း သွားကိုစိပြီး ပြုံးပေးပါ။ ပြီးရင် ပြန်တည်ပါ။ အဲ့အတိုင်း ၅ ကြိမ် – ၈ ကြိမ် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း လက်နှစ်ဖက်က ပါးကိုညှစ်ပြီး နှုတ်ခမ်းဆူထားပြီး ၅ စက္ကန့် နေပေးပါ။ လုပ်ပေးရမယ့်အကြိမ်အရေအတွက်ကတော့ ၅ ကြိမ်ပါ။

Source: www.brightside.me