သံလွင်ဆီဟာ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး စိုပြေစေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီတစ်မျိုးဖြစ်ပြီး သင့်အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အများကြီးပါဝင်နေတာပါ။ သံလွင်ဆီကို ဆောင်းတွင်းမှာ အသားအရေခြောက်တဲ့သူတွေအတွက် ဘယ်လိုသုံးရမလဲဆိုတာ မျှဝေပေးပါမယ်။
သံလွင်ဆီနဲ့ ပျားရည်
သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပါ။ မျက်နှာသစ်ပြီး ရောထားတာကို လိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လုပ်နိုင်ပါတယ်။
သံလွင်ဆီနဲ့ အုတ်ဂျုံ
သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကိုသေချာရောလိုက်ပါ။ မျက်နှာသစ်ပြီး ရောထားတာကို လိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် လုပ်နိုင်ပါတယ်။
ဆားဝက်ခြံတွေနဲ့ အမည်းစက်တွေကိုပါ သက်သာစေမှာပါ။
သံလွင်ဆီနဲ့ ထောပတ်သီး
ထောပတ်သီးမှည့် ၁ လုံး
သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ထောပတ်သီးမှည့်ကို အခွံနွှာပြီးပြဲအောင်လုပ်လိုက်ပါ။ ပြီးရင် သံလွင်ဆီထည့်ပါ။ မျက်နှာသစ်ပြီး ရောထားတာကို မျက်နှာတစ်ခုလုံး လည်ပင်းပေါ်မှာ လိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် လုပ်နိုင်ပါတယ်။