Gym ကစားတာ နှစ်ပေါက်လာပေမယ့် အခုထိ ကိုယ်လိုချင်သလောက် ဖြစ်မလာဘူးဆိုရင် သင်အမှားလုပ်မိလို့ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းပြည့်စုံမှု ရှိအောင် လေ့ကျင့်နေတယ်ဆိုတာ အချိန်တွေ အစီအစဉ်တွေနဲ့ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ဘော်ဒီတည်ဆောက်မှု လုပ်နေချိန်မှာ အဖြစ်များတဲ့ အမှားတွေ ရှိပါတယ်။ ဒီထဲကမှ အဆိုးဆုံး Fitness Mistakes ၅ ခု ရှိပါတယ်။
(၁) Training Plan မရှိခြင်း
Photo: Shape Magazine
အတော်များများ လုပ်မိတဲ့ အမှားတစ်ခုက Plan မထားဘဲ Gym ကစားတာ ဖြစ်ပါတယ်။ နည်းစနစ်ဟာ အရေးကြီးပါတယ်။ မှန်ကန်တဲ့ နည်းစနစ် ၊ တိကျတဲ့ အချိန်ဇယားနဲ့ တစိုက်မတ်မတ် ကြိုးစားမှသာ တိုးတက်မှာပါ။ Training Plan ရှိတာဟာ သင့်ရဲ့ ကြိုးစားမှုကို စနစ်တကျ ဘောင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ Plan မရှိဘဲ Gym ရုံထဲ ဝင်လာသူဟာ ဘာဝယ်ရမလဲ မသိဘဲ Shopping Center တစ်ခုထဲ ရောက်လာသူလို ဖြစ်နေပါလိမ့်မယ်။
(၂) အားကစားလုပ်ပုံ အထိန်းအကွပ်မရှိခြင်း
Photo: Popsugar
ကြွက်သားတွေ အကြီးကြီးဖြစ်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး စုပြုံလုပ်လိုက်မယ်ဆိုပြီး ကစားလို့ မရပါဘူး။ ရင်ဘတ်ကစားတဲ့ အချိန်မှာ သူ့ လေ့ကျင့်ခန်းကို သူ့အကျော့နဲ့သူ စနစ်တကျ ကစားပေးဖို့ လိုသလို ပုခုံးနဲ့ လက်ပြင်ကစားတဲ့ အချိန်မှာလည်း သူ့အတိုင်းအဆနဲ့ သူ ကစားပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်လှချင်တယ်ဆိုရင် အချိုးညီညီ ကစားဖို့က အရေးကြီးဆုံးပါပဲ။
(၃) သိပ်အားမထုတ်ခြင်း
Photo: Peak Performance Hong Kong
သင်လုပ်နိုင်တဲ့ အတိုင်းအတာ မရောက်ခင် လက်လျှော့တာမျိုးကလည်း သင့်ရဲ့ Body Building ဖြစ်စဉ်ပေါ် သက်ရောက်ပါတယ်။ ချွေးနည်းနည်း ထွက်လာတာနဲ့ အကြာကြီး ထိုင်နားနေတာမျိုး လုပ်ရင် ဘယ်လိုလုပ် တောင့်တင်းကျစ်လျစ်တဲ့ ကိုယ်လုံးကိုယ်ပေါက် ရလာနိုင်ပါ့မလဲ။ ကိုယ့်ဘက်က အားစိုက်မှု လိုပါတယ်။ နည်းစနစ်မှန်ပြီး အားထုတ်မကစားရင်လည်း ဖြစ်မှာ မဟုတ်ပါဘူး။
(၄) နည်းစနစ် မမှန်ခြင်း
Photo: Christine Bailey
အရေးကြီးဆုံးလို့ ပြောရမှာပါ။ ကစားပုံနည်းစနစ် တလွဲကြီးနဲ့ လုပ်နေရင်တော့ တိုးတက်မှာ မဟုတ်တာ သေချာပါတယ်။ အားကစားလုပ်ချိန်မှာ သင့် Trainer ရဲ့ ညွှန်ကြားချက်ကို အပြည့်အဝလိုက်နာပါ။ လေ့ကျင့်ခန်းနည်းစနစ်တွေကို ကိုယ်ထင်သလို ကစားနေရင် မှားပါလိမ့်မယ်။ Gym ဆရာတွေကို အကူအညီတောင်းပါ။ သူတို့အကြံပေးချက်အတိုင်း ကစားပါ။
(၅) အာဟာရပုံစံ မမှန်ခြင်း
Photo: Verywell Fit
Weight ကစားတာပဲ ဖြစ်ဖြစ် အဆီချနေတာပဲ ဖြစ်ဖြစ် အစားအသောက်နဲ့ စွမ်းအင်ကို စားသုံးချိန်မှာ မျှတမှန်ကန်ဖို့ လိုပါတယ်။ Gym ကစားချိန်မှာ အာဟာရပြည့်ဝအောင် စားဖို့ လိုပါတယ်။Engergy Drinks တွေအစား ရေများများသောက်တာ ၊ Snack အစား သဘာဝအသီးအနှံနဲ့ အစေ့အဆံတွေ စားတာမျိုး လုပ်သင့်ပါတယ်။ ကျန်းမာပြီး မျှတတဲ့ Diet တစ်ခုဟာ သင့်ရဲ့ Fitness Goal ဆီ ရောက်အောင် ပို့ဆောင်နိုင်သလို သင့်ရဲ့ Workout ကစားမှုတိုင်းကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။