ဒီတစ်ခေါက်မှာတော့ အိမ်မှာနေရင်းနဲ့ ဗိုက်အဆီကျပြီး သွယ်လျစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။ ဒီလေ့ကျင့်ခန်းတွေအတွက် အဓိက လိုအပ်တဲ့ပစ္စည်းတစ်မျိုးကတော့ Yoga ဖျာပါ။ ဗိုက်အဆီကျစေတဲ့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Russian Twist
Photo Source: Giphy
- ခြေထောက်ကို အပေါ် မတင်ထားပြီး ခါးကို ဘယ်ညာ လှည့်ပေးရပါမယ်။
- ဒါကို ၄၅ စက္ကန့်လုပ်ပေးရပါမယ်။
၂။ Hip Dips
Photo Source: Tenor
- Plank ထောက်တဲ့ပုံစံ တံတောင်ဆစ်နဲ့ ထောက်ပေးရပါမယ်။
- ပြီးတော့ ခန္ဓာကိုယ်ကို ဘယ်ညာ လှည့်ပေးရပါမယ်။
- ၄၅ စက္ကန့် လုပ်ပေးရပါမယ်။
၃။ Bicycle Crunches
Photo Source: TrainHardTeam
- အိပ်လျက်အနေအထားနဲ့ လက်နှစ်ဖက်ကို ခေါင်းနောက် ထားပေးရပါမယ်။
- ပခုံးကို ပင့်ထားပြီး ခြေထောက်နှစ်ဖက်ကို ဘယ်ညာ တစ်လှည့်စီ တံတောင်နဲ့ နီးအောင် ကွေးပေးရပါမယ်။
- ၄၅ စက္ကန့် လုပ်ပေးရပါမယ်။
၄။ Heel Touches
Photo Source: Make a gif
- ဒူးကိုကွေးထားပြီး အိပ်လျက်အနေအထားနဲ့ တစ်ခြမ်းဆီကို လက်နဲ့ လာထိပေးရပါမယ်။
- ဒါကို ၄၅ စက္ကန့်လုပ်ပေးရပါမယ်။
၅။ Mountain Climbers
Photo Source: Make a gif
- လက်ကို အားပြုထောက်ထားပြီး ဒူးနှစ်ဖက်ကို တစ်လှည့်စီ ရင်ဘတ်နဲ့ နီးအောင် လုပ်ပေးရပါမယ်။
- တောင်တက်တဲ့ပုံစံ ခုန်ပေးရပါမယ်။ ၄၅ စက္ကန့်ပါပဲ။
၆။ Crunches
Photo Source: LowGif
- ခြေထောက်ကို ကွေးလျက်မြှောက်ထားပြီး အိပ်ထမတင် ၄၅ စက္ကန့် လုပ်ပေးရပါမယ်။
၇။ Leg Lifts 45 Seconds
Photo Source: Pinterest
- အိပ်လျက်အနေအထားနဲ့ ဗိုက်ကိုအားပြုကာ ခြေထောက်ကို မြှောက်ပေးရပါမယ်။
- ခန္ဓာကိုယ်ကိုပါ မြှောက်လာပေးရပါမယ်။
၈။ Plank
Photo Source: Popsugar
- Plank ၄၅ စက္ကန့် ထောက်ပေးရပါမယ်။
၉။ Toe Touches
Photo Source: Giphy
- ခြေထောက်ကို မြှောက်လျက်အနေအထားနဲ့ လက်နှစ်ဖက်ကို ခြေချောင်းတွေကို ထိပေးရပါမယ်။
- ၄၅ စက္ကန့်လုပ်ပေးရပါမယ်။
ဒီလေ့ကျင့်ခန်းတွေကို ၂ ခါကနေ ၃ ခါ ထပ်လုပ်ပေးရပါမယ်။
By MyStyle Myanmar