လက်မောင်းဘေးက အဆီတွေက အင်္ကျီလက်ပြတ်ဝတ်တဲ့အချိန် အနှောင့်အယှက်ဖြစ်လှပါတယ်။ ဒီလေ့ကျင့်ခန်းအတွက် အဓိက လိုတာကတော့ Elastic Band ပါ။ ဒီဘေး အဆီတွေကို Target ထားတဲ့လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။
၁။ Jumping Jack
Photo Source: Chelsea Charms
- မတ်တပ်ရပ်အနေအထားနဲ့ စတင်ပြီး ခြေထောက်နှစ်ဖက်ကို ခုန်ပြီး နေရာ ချဲပေးရပါမယ်။
- ဒါနဲ့ အတူ လက်နှစ်ဖက်ကိုပါ ခုန်တဲ့အချိန် ဘေးဆန့်ပေးရပါမယ်။
၂။ Chest Opener
Photo Source: Cosmopolitan
- ပုံထဲကအတိုင်း လက်နှစ်ဖက်ကို ရှေ့ဘက်ကွေးပြီး ပြန်ချဲပေးရပါမယ်။
- Elastic Band ကို လက်ပေါ်ချည်နှောင်ပြီး ပုံမှန် ချဲ ကားပုံစံ လုပ်ပေးရပါမယ်။
၃။ Upright Row
Photo Source: Popsugar
- Elastic Band ကိုသုံးပြီးနောက် လက်မောင်းအားကို သုံးပြီး ပုံထဲအတိုင်း ဆွဲပေးရပါမယ်။
- ဒီလေ့ကျင့်ခန်း ၃ ခုကို စက္ကန့် ၃၀ စာ ၅ ကြိမ်လုပ်ပေးရပါမယ်။
By MyStyle Myanmar