Single ဘဝက တွေးတတ်ရင် တွေးတတ်သလို ပျော်စရာတွေအများကြီးပါပဲ။ တစ်ခါတလေ တော့ ချစ်သူလိုချင်တဲ့စိတ်တွေဖြစ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အာရုံစိုက်တာက အကောင်းဆုံးပါပဲ။ Single ဘဝမှာ အာရုံစိုက်သင့်တဲ့အရာတွေကိုကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ဖို့ပဲ ကိုယ် ကြည့်ပါ

နေရာတိုင်း တစ်ကိုယ်ကောင်းဆန်ခိုင်းတာမဟုတ်ပါဘူး။ ကိစ္စတိုင်းမှာ ငါဘာကို လိုချင်လဲဆိုတာကို မေးခွန်းထုတ်ခိုင်းတာပါ။ အလုပ်တစ်ခုလုပ်ရင်လည်း ဘာလိုချင်လို့ လုပ်တာလဲဆိုတာကို တွေးသင့်ပါတယ်။

၂။ ဝါသနာသစ်တွေ တည်ထောင်ပါ

ကိုယ်ဝါ့သနာသစ်တွေကို အမြဲရှာဖွေနေပြီး ဒီအရာတွေနောက် စီးမြောနေသင့်ပါတယ်။ ကိုယ်ဝါသနာပါရာလေးတွေလုပ်ရင်း ကျေနပ်စရာဘဝက လူတိုင်း လိုချင်တဲ့ အရာပါပဲ။

၃။ သူငယ်ချင်းသံယောဇဉ်ကို ဦးစားပေးပါ

ဒီအချိန်မှာ ချစ်သူမရှိတာမို့ ကိုယ့်သူငယ်ချင်းတွေကို ပိုဦးစားပေးသင့်ပါတယ်။ သူတို့ကို အချိန်ပေးသင့်ပါတယ်။ အာရုံစိုက်သင့်ပါတယ်။

၄။ ကိုယ့်ကိုကိုယ် ဘယ်အရာပြောင်းလဲချင်လဲ အာရုံစိုက်ပါ

ကိုယ့်ဆံပင်၊ ခန္ဓာကိုယ်၊ မျက်နှာပုံစံ၊ အလေ့အကျင့် ဘယ်ဟာ ပြောင်းလဲချင်လဲ။ ပြောင်းလဲချင်တဲ့အရာတွေအပေါ် အာရုံစိုက်သင့်ပါတယ်။

၅။ ကောင်လေးတွေနဲ့ ရွေးချယ် ဒိတ်ပါ

လက်ရှိ Single ဘဝက လွတ်လပ်တာမို့ ကိုယ်ကြိုက်ရာကို ခေါင်းခေါက်ရွေးနိုင်ပါတယ်။ ဒီအရာကို အသုံးချပြီး ကိုယ်သဘောကျသူတွေကို ရွေးပြီး ဒိတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar