မိန်းကလေးတစ်ယောက်က ကိုယ်အလေးချိန်တက်လာပြီဆိုရင် ပေါင်အဆီပါ တက်လာတတ်ပါတယ်။ ပေါင်အဆီနဲ့ ပါလာတဲ့ နောက်ထပ် ဒုက္ခတစ်ခုက ပေါင်ပွန်းတာပါ။ ပေါင်ပွန်းတဲ့အချိန်ဆိုရင် လမ်းလျှောက်ရတာ မလွယ်ကူတော့ပါဘူး။ ဒီတစ်ခေါက်မှာတော့ ဘာပစ္စည်းမှမလိုဘဲ ပေါင်အဆီချနိုင်မယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။
၁။ Sumo Squat
Photo Source: Pinterest
- ပေါင်နှစ်ဖက်ကို ဘေးဘက်ခွာပြီး ထိုင်ထ ပုံစံထိုင်ချပေးရပါမယ်။
- ဒါကို အခါ (၂၀) ၃ ကြိမ်ပြုလုပ်ပေးရပါမယ်။
၂။ Side Lunge
Photo Source: Healthline
- မတ်တပ်ရပ်အနေအထားကနေ စပေးရပါမယ်။
- ပြီးနောက် ပေါင်တစ်ဖက်ကို ဘေးဘက် ကားပြီး ထိုင်ပေးရပါမယ်။
- ဒါကို ဘယ်ညာ ၁၅ ခါ စီ သုံးကြိမ်လုပ်ပေးရပါမယ်။
၃။ Inner Thigh Lift
Photo Source: Pinterest
ပေါင်တစ်ဘက်ကို နောက်တစ်ဘက်ပေါ် ခွထားပြီး အတွင်းထဲက ပေါင်ကို အပေါ် ပင့်တင်ပေးရပါမယ်။
ဒါကို ဘယ်ညာ တစ်လှည့်စီ ၁၅ ခါ သုံးကြိမ်လုပ်ရပါမယ်။
၄။ Squat Knee Pulses
Photo Source: Healthline
ပုံထဲကအနေအထားအတိုင်းနေပေးရပါမယ်။
ဒီအနေအထားနဲ့ပဲ ဒူးကို အတွင်းဘက်ကွေးပေးရပါမယ်။
ပြီးနောက် နဂိုအနေအထားအတိုင်း ပြန်သွားနိုင်ပါတယ်။
ဒါကို အခါ ၂၀ သုံးခေါက်လုပ်ပေးရပါမယ်။
၅။ Standing Leg Lifts
Photo Source: Healthline
မတ်တပ်ရပ်အနေအထားနဲ့ ဘယ်ခြေထောက်ကို ဘေးဘက် မြှောက်ပေးရပါမယ်။
ပြီးနောက် နဂိုအနေအထားအတိုင်း ပြန်သွားပေးရပါမယ်။
ဒါကို တစ်ဘက် ၁၅ ခါ သုံးကြိမ် လုပ်ပေးရပါမယ်။
By MyStyle Myanmar